Social Icons

Pages

Wednesday, May 3, 2017

အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေ နှုန်းထားပြင်ဆင်နိုင်ရန်လုပ်ဆောင်မည်



ရန်ကုန် ၃-၅-၂၀၁၇

မြန်မာနိုင်ငံအတွင်း အလုပ်သမားများ၏ အနည်းဆုံး အခကြေးငွေ နှုန်းထားများကို အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကော်မတီ များဖွဲ့စည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီအတွင်းရေးမှူး ဦးမောင်မောင်ကျော်ထံမှ သိရသည်။

ပြည်တွင်း၌ အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂ဝ၁၃ ခုနှစ် မတ်လက ပြဋ္ဌာန်း နိုင်ခဲ့သည်။ ပြည်တွင်း အလုပ်သမားများ အတွက် လစာနှုန်းထား တစ်ခုသတ်မှတ် နိုင်ရန် ၂ဝ၁၅ ခုနှစ် ဇွန် ၂၉ ရက်တွင်
အဆိုပြုခဲ့ပြီး အနည်းဆုံး အခကြေးငွေနှုန်းကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် အလုပ်သမားများက ၎င်းတို့၏ဘဝအတွက် လုံလောက်မှုမရှိ သဖြင့် ပြင်ဆင်သတ်မှတ် ပေးပါရန် ဆက်လက် တောင်းဆိုမှုများ ရှိနေသောကြောင့် ယင်းအတွက် အမြန်ဆုံး ပြင်ဆင်နိုင်ရေး လုပ်ဆောင်ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်းပေးခဲ့သော အဆိုပြုနှုန်းထားသည် ပြည်တွင်းအလုပ် သမားများအတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား ခွဲခြားခြင်းမရှိဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တစ်နာရီလျှင်
ငွေကျပ် ၄၅ဝ နှုန်းနှင့် အလုပ်ချိန် ရှစ်နာရီ အတွက် တစ်ရက်လျှင် ငွေကျပ် ၃၆ဝဝ ပေးချေရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသတ် မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့်အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိဟု ထုတ်ပြန်ခဲ့သည်။ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို စတင်ဖွဲ့စည်း လျက်ရှိကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်အားလုံး၌ ဖွဲ့စည်းနိုင်ခြင်းမရှိ သေးဘဲ ဆက်လက်ဖွဲ့စည်းနိုင်ရေးအတွက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆက်လက်ဖွဲ့စည်းနိုင်ရန် မတ်လအတွင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...