Social Icons

Pages

Sunday, April 23, 2017

ဘုတလင်မြို့ နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၃-၄-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ်၊ ငပယင်း စံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ကျောင်းသစ် တိုက်ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ခွဲစိတ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သွားရောဂါ၊ အရိုး/အကြောရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံ ပြည်သူ ၃၄၂ ဦးကို လိုအပ်သည့် ဆေးဝါး ကုသမှုများ၊ ECG စက်ဖြင့် နှလုံးစမ်း သပ်ခြင်း၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း စသည့် ရောဂါရှာဖွေ စမ်းသပ်ပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၃၃ ဦးကို မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှု များကို တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တာဝန်ရှိသူ များက သွားရောက် ကြည့်ရှု အားပေးပြီး သက်ကြီး ဘိုးဘွားများအား အလှူငွေများ ပေးအပ် လှူဒါန်းသည်။

ထို့နောက် ကျောင်းသစ် တိုက်ဆရာတော် ဘဒ္ဒန္တကုမာရအား သွားရောက် ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ကျေးရွာစာ ကြည့်တိုက် အတွက်သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...