Social Icons

Pages

Tuesday, April 4, 2017

ယာဉ်မောင်းအိပ်ငိုက်ရာမှ ယာဉ်တိမ်းမှောက်မှုကာ ယာဉ်မောင်းဖြစ်သူ သေဆုံး



လှည်းကူး ၄-၄-၂၀၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်၍ TOYOTA IST ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံအမြန် လမ်းမကြီး ရဲစခန်း အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၆/၄) နှင့် (၆/၅) ကြားတွင် ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်က နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ထက်ဝေလင်း မောင်းနှင်လာသော ယာဉ်အမှတ် 5E/ ---- TOYOTA ISTအနက်ရောင် မော်တော်ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်မြေသား လမ်းပေါ်တွင် ရောက်ရှိ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှု သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ် အောင်သင်းဦး ပါတပ်ဖွဲ့ဝင် ၁၂ဦး၊ မီးသတ်တပ်ဖွဲ့အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ငြိမ်းချမ်းပါရှစ်ဦး တို့က သွားရောက် စစ်ဆေးရာယာဉ်မောင်း ဖြစ်သူမှာ သေဆုံးပြီး ယာဉ်ပေါ်ပါရှိသူ အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့သောကြောင့် တပ်ဖွဲ့ပိုင် ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်မှာ ရှေ့နောက် လေကာမှန် ကွဲ၊ ဝဲ၊ယာ ရှေ့မီးကွဲ၊ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်၊ ယာဘက်နောက် ဘီးပြုတ်ထွက၊် အမိုးပိန်ချိုင့်၊ ရှေ့ဘန်ဘာ ပြုတ်ထွက် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် သိန်း၂ဝခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ထက်ဝေလင်းကို အမှတ် (၃) လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းက ယာဉ် (ပ)၈/၂ဝ၁၇၊ ပုဒ်မ-၃ဝ၄(က)/၃၃၇အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...