မန္တလေး ၁၈-၃-၂၀၁၇
ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ တော်ကာလတွင် မန္တလေး ဆိပ်ကမ်းမှ မင်းကွန်းဒေသသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ကို ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဆိပ်ကမ်း နိုင်ငံခြားသား ပို့ဆောင်ရေး ရေယာဉ် အသင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ သင်္ကြန်ပွဲတော် ကာလ အတွင်း၌ မန္တလေးမြို့မှ ကုန်းလမ်းပိုင်း ၊ ရေလမ်းကြောင်း နှင့်လေကြောင်း လမ်းပိုင်းတို့တွင် ကုန်စည် တင်ပို့မှု အနည်းငယ် လျော့ကျမှု ရှိသော်လည်း ခရီးသွား ဧည့်သည်များ လိုက်ပါ စီးနင်းမှုမှာ ပုံမှန် အနေအထား တွင်ရှိသည့် အပြင် အခြား International Gate Ways များမှ ပြည်ပ ခရီးသွား ဝင်ရောက် မှုမှာလည်း သင်္ကြန်ကာလ အတွင်း အနည်းငယ် မြင့်တက် လာနိုင်ပြီး ၎င်းရက်ပိုင်း အတွင်း နှစ်စဉ်ကမ္ဘာ လှည့်ခရီးသွားများ အနေဖြင့် ရေကြောင်း လမ်းကို အဓိက အသုံးပြု၍ ရှေးဟောင်း အဆောက် အအုံများ ရှိရာဒေသသို့ သွားရောက်ကာ လေ့လာမှုများ ပြုလုပ်လေ့ ရှိကြောင်း သိရသည်။
သင်္ကြန်ပွဲတော် ကာလအတွင်း မန္တလေးမြို့၌ ကျုံးပတ်လည်နှင့် အခြား မြို့တွင်းလမ်းကြောင်း များတွင် ရေပက်ခံ ထွက်သည့် ကားများ၊ မဏ္ဍပ်များဖြင့် ယာဉ်ကြောပိတ် ဆို့ရှုပ်ထွေးမှု များနှစ်စဉ် ဖြစ်ပေါ် နေသည့် အတွက် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အနေဖြင့် ကုန်းလမ်းကြောင်း မှမသွားဘဲ ရေကြောင်းကို အသုံးပြုကာ ခရီးသွားမှု များကို နှစ်စဉ်ပြုလုပ် လေ့ရှိရာ ယခုနှစ်တွင် မန္တလေး ဆိပ်ကမ်းမှ မင်းကွန်း ဒေသအပြင် အခြား ကျန်ရှိသည့်ဒေသများ သို့ပါ ယခင်သတ်မှတ် ထားသည့် ဈေးနှုန်းများ အတိုင်း ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပွဲတော် ကာလတွင် နှစ်စဉ် မန္တလေး ဆိပ်ကမ်းမှ မင်းကွန်း ဒေသရှိ ဘုရားစေတီ၊ ပုထိုးများ ဖြစ်သည့် မြသိန်းတန် စေတီ၊ မင်းကွန်း ခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီး စသည့်နေရာ များသို့ အများဆုံး သွားရောက် လည်ပတ် ကြသည့် အပြင် မန္တလေး-ကျောက်မြောင်း လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်းသို့လည်း သွားရောက် လည်ပတ်လေ့ ရှိကြောင်း၊ ယခုနှစ်တွင် မန္တလေး ဆိပ်ကမ်းမှ မင်းကွန်း ဒေသသို့ ယခင် ဈေးနှုန်းများ ဖြစ်သည့် ပြည်ပခရီးသွား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ သတ်မှတ် ထားပြီး စင်းလုံးပြတ် ငှားရမ်းသွား မည်ဆိုပါက ငွေ ကျပ်၂၅ဝဝဝ ဖြင့် ငှားရမ်း ပေးသွား မည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလ အတွင်း၌ ဥရောပနိုင်ငံသားများ အများဆုံး ဝင်ရောက် နိုင်ကြောင်း သိရသည်။
#themyawadydaily
No comments:
Post a Comment