Social Icons

Pages

Friday, March 10, 2017

မန္တလေး တိုင်းဒေသကြီးအတွင်း ယခုနှစ် နွေရာသီရေပြတ်လပ်မှု မရှိစေရေးအတွက် မတ်လအတွင်း ငွေကျပ် သန်း ၂၀ သုံးစွဲဆောင်ရွက်မည်



မန္တလေး - ၁၀-၃-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး အတွင်း ရှိမြို့နယ်၊ ကျေးရွာ များတွင် ယခုနှစ် နွေရာသီ ကာလအတွင်း ရေပြတ်လပ်မှု မရှိစေရန် တိုင်းဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီး ဌာနမှ မတ်လ အတွက် ဘတ်ဂျက် ငွေကျပ် သန်း၂ဝ သုံးစွဲ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရေပြတ်လပ်သည့် ကျေးရွာများ အတွက် သုံးစွဲရန် သာမန် အသုံးစရိတ် ဘတ်ဂျက်မှ မတ်လ အတွက် ငွေကျပ် သန်း ၂ဝ ခွင့်ပြု ပေးခဲ့ပြီး လာမည့် ဘတ်ဂျက်တွင်လည်း ထပ်မံ တောင်းခံ သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်  ကြားရေးမှူး ဦးမင်းဟန်က ပြောပြသည်။

ယခုနှစ် နွေရာသီတွင် မန္တလေးတိုင်း ဒေသကြီး ၁၆ မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၆၅ ရွာ၌ ဧပြီလ အတွင်း ရေပြတ်လပ်မှု နှင့် ကြုံတွေ့ နိုင်ပြီး ယခု မတ်လ အတွင်း မြို့နယ် ၁၅ မြို့နယ် ရှိကျေးရွာ ၁၄၉ ရွာတွင် ရေရှားပါး လာကာ ဧပြီလတွင် ရေပြတ်လပ် မှုနှင့် အဓိက ကြုံတွေ့နိုင်  မည်ဟု ခန့်မှန်း ထားပြီး ၎င်းမြို့နယ် များမှာ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သား၊ ကျောက်ဆည်၊ တောင်သာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ညောင်ဦး၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ငါန်းဇွန် နှင့် မိတ္ထီလာ မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းက ကောက်ခံခဲ့တဲ့ စစ်တမ်းအရ အခုလို သိရတာပါ။ဒါကလဲ ကြိုတင် ခန့်မှန်းမှု တွေပါ။ စိုးရိမ် စိတ်တွေနဲ့ စာရင်းထည့် ထားတာတွေ လဲရှိတယ်'' ဟု ၎င်းက ဆက်လက် ပြောပြသည်။

 မြို့နယ်၊ ကျေးလက် ဌာနများ အနေဖြင့် ကျေးရွာ လက်ရှိ ရေသုံးစွဲမှု အခြေ အနေများကို ကြိုတင် လေ့လာ ဆောင်ရွက် သင့်ပြီး ရေပြတ်လပ်ပါ က ရေသယ်ယာဉ် များဖြင့် အချိန်မီ အသုံးပြု နိုင်ရန် စီစဉ်ထား သင့်ကြောင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  ညွှန်ကြား ထားကြောင်း သိရသည်။

ယခင်နှစ် ကလည်း ဧပြီ ၁ ရက်မှ ၃ဝ ရက် ထိ ရေရှားပါး သည့် မြို့နယ် ၁၅ မြို့နယ် ရှိကျေးရွာ ပေါင်း ၁၂၁ ရွာသို့ တိုင်းဒေသ ကြီးကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် NGO အဖွဲ့အစည်း များမှ ရေဂါလန် ၄၆၁၁၂၈ ဂါလန်ကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...