Social Icons

Pages

Monday, March 13, 2017

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ


အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Karmuk (P-64) နှင့် INS Bangaram တို့ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိစဉ်။

နေပြည်တော်-၁၃-၃-၂၀၁၇

အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Bangaram(T-64) နှင့် INS Bangaram(T-65) တို့သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယနေ့ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတား သို့ရောက်ရှိ လာရာ တပ်မတော်(ရေ) မှ အရာရှိ ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ ရေတပ် စစ်သံမှူး နှင့် တပ်မတော်(ရေ ) မှ အရာရှိ၊ စစ်သည်များက ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် များအား အိန္ဒိယ ရေတပ် Naval Component Commander (Andaman and Nicobar) ဖြစ်သူ Commodore Ashutosh Ridhorkar ဦးစီး၍ အရာရှိ ၂၂ ဦး၊ အခြား အဆင့် ၁၄၂ ဦး၊  စုစုပေါင်း ၁၆၄ ဦး လိုက်ပါ လာပြီး မြန်မာ နိုင်ငံတွင် မတ် ၁၄ ရက်ထိ သုံးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...