Social Icons

Pages

Thursday, February 9, 2017

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်


မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနား တွင် 
နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
 ဒေါ်ကေသီစိုး ဂုဏ်ပြုအမှာ စကား ပြောကြားစဉ်

ရန်ကုန် ၊ ၉-၂-၂၀၁၇

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Enno- DROFENIK နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး တို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Enno- DROFENIK က မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးအောင်သန်းဌေး အား ဂုဏ်ထူးဆောင် အသိအမှတ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးအောင်သန်းဌေး က ကျေးဇူးတင်စကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံ တို့သည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝ ကျော်ကြာမြင့်ခဲ့ပြီး သြစတြီးယားနိုင်ငံ သံအမတ်ကြီးသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ အခြေစိုက်၍ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးကို ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်လမ်း အမှတ်(၃၈)A တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...