Social Icons

Pages

Thursday, November 10, 2016

မြန်မာနိုင်ငံမှ ပင်လယ်ငါးများကို ၀ယ်ယူရန် တရုတ်နိုငငံ ရေလုပ်ငန်းရှင်များ ကမ်းလှမ်းထား



ရန်ကုန် ၊ ၁၀-၁၁-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသော ပင်လယ်ငါး များကို လာမည့်နှစ်တွင် ဈေးကွက်သစ် အနေဖြင့် တရုတ်နိုင်ငံ ရေလုပ်ငန်းရှင် များက အများအပြား ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ထွန်း ထံမှ သိရသည်။

''မြန်မာနိုင်ငံက ပင်လယ်ငါး တွေကို တရုတ်နိုင်ငံ ကုန်စည်ပြပွဲမှာ သွားရောက်ပြသ တဲ့အခါ မြန်မာ့ပင်လယ်ပြင်က ဖမ်းဆီးရမိတဲ့ ပင်လယ်ငါးတွေကို ရသလောက် လိုချင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ ဈေးကွက် အသစ်အနေနဲ့ သူတို့ဆီကို ပင်လယ်ငါးတွေ တင်ပို့ဖို့စီစဉ် နေပါတယ်'' ဟု ဦးဟန်ထွန်း ကပြောသည်။

ထို့ပြင် အဆိုပါ လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းမှ ဖမ်းဆီးရမိသည့် ပြည်ကြီးငါးများ ကိုလည်း အများအပြား ဝယ်ယူရန် အတွက် လာမည့်နှစ်အတွင်း လုပ်ဆောင် သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပင်လယ်ငါး တင်ပို့မည့် အစီအစဉ်ကို ရေရှည် ဈေးကွက်တစ်ခု အဖြစ် ဖော်ဆောင် သွားမည်ဖြစ်ပြီး ပြည်တွင်း ရေထွက်ကုန် ပစ္စည်းများကို ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရန် ပြည်ပ၌ ကျင်းပသော ရေထွက်ကုန် ပစ္စည်းပြပွဲ များသို့ သွားရောက် ပြသ၍ ပြည်ပ ဝယ်လက်များ ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...