Social Icons

Pages

Wednesday, November 23, 2016

မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ


မပေါက်ကွဲသေးသည့် စိန်ပြောင်းဗုံးသီးကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

မူဆယ်မြို့၌ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ဟိုနားရပ် မြို့ပတ်လမ်းမှ မြို့မ အားကစားကွင်းသို့ သွားရာ ပန်မှတ်နိုင် လမ်းဘေးချုံစပ်အတွင်းမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူများထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ အနီးရှိ နေအိမ်နံရံအား ကျောက်ခဲစများ ထိမှန်ခဲ့သည်။

နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါ နေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီးတွင် ဓာတ်ခဲအသေး ငါးလုံးပါ ဓာတ်ခဲပတ် တစ်ခု၊ ၄င်းနှင့် ဆက်သွယ်ထားသည့် ဝါယာကြိုးများ တွေ့ရှိခဲ့သည်။

ဟိုမွန်ရပ်ကွက်ရှိ လမ်းဦးစီးဌာန ရုံးဝင်းအတွင်း မြေတွင်စိုက်ဝင် နေသော မပေါက်ကွဲ သေးသည့် စိန်ပြောင်းဗုံးသီး တစ်လုံးကိုလည်း ယမန်နေ့ နံနက် ၁ဝ နာရီခန့်တွင် တွေ့ရှိခဲ့ရပြီး တာဝန်ရှိသူများက သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...