Social Icons

Pages

Wednesday, November 16, 2016

မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ် ဘင်္ဂါလီ ၃၅ ဦးဖမ်းဆီးရမိ


မာမွတ်ကာစီ (ဘ) အာမွတ်ဒူဆောင်း

ဖမ်းဆီးရမိမသင်္ကာဖွယ် ဘင်္ဂါလီ ၁၅ ဦးကို တွေ့ရစဉ်



နေပြည်တော် ၊ ၁၆-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိရာ ဝက်ပြင်ကျေးရွာ သို့ နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီ ၂၁ မိနစ်ခန့်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရောက်ရှိနယ်မြေ ရှင်းလင်းစဉ် မသင်္ကာဖွယ် ဘင်္ဂါလီ နူရ်ဘော်ဘီ (ဘ) နူရ်ဟူဆောင်း အပါအဝင် ဘင်္ဂါလီလေးဦး အားလည်းကောင်း၊ အောင်မင်္ဂလာ ကျေးရွာသို့ ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက်လာသော သဲချောင်းကျေးရွာ နေ မသင်္ကာဖွယ် ဘင်္ဂါလီ မာမွတ်ကာစီ (ဘ) အာမွတ်ဒူဆောင်း အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယမန်နေ့ညနေ ၃ နာရီတွင် ရေတွင်းကျွန်း ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှင်းလင်းစဉ် အခြားကျေးရွာ များမှ တိုက်ပွဲဖြစ်ပွား ပြီးနောက် တိမ်းရှောင် ထွက်ပြေးလာသည့် ခွေလာ(ဘ) ရှလာဟာဒူလာ အပါအဝင် ၃ဝ ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ များအား တရားဥပဒေ အရ စစ်ဆေးအရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...