Social Icons

Pages

Thursday, July 28, 2016

ဆေးယဉ်ပါးတီဘီရောဂါ ရှိ-မရှိ စစ်ဆေးပေးမည့် စက်အလုံးပေါင်း ၇၀ ခန့် တပ်ဆင်အသုံးပြုမည်


ရန်ကုန် ၊ ၂၈-၇-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်း ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားမှုကို ကုသပေးနိုင် စေရန်အတွက် ဆေးယဉ်ပါး တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးပေးမည့် စက်များကို ယခုနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ တပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာ တစ်နိုင်ငံလုံး တွင် ယခု ၂ဝ၁၆ ခုနှစ်အတွင်း ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားနေသူ ၃၅ဝဝ ခန့်ကို အခမဲ့ ကုသပေးရန် စီစဉ်ထားရာ ယင်းသို့ ကုသနိုင် စေရန်အတွက် ဆေးယဉ်ပါး တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးပေးမည့် စက်အလုံးပေါင်း ၇ဝ ခန့်အထိကို နိုင်ငံတစ်ဝန်း တွင် တပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် စက် အလုံးရေ ၄၉ လုံးခန့် တပ်ဆင်ထားပြီး အဆိုပါ စက်များကို ခရိုင်အဆင့် ကူးစက်ဆေးရုံ များတွင် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးယဉ်ပါး တီဘီရောဂါ သည် တီဘီရောဂါ ဖြစ်ပြီး ဆေးပုံမှန် မသောက်သူများ၊ ဆေးယဉ်ပါး တီဘီ ရောဂါသည် များနှင့် အတူနေသူ များတွင် ဖြစ်ပွားတတ် သဖြင့် တီဘီရောဂါ ဖြစ်ဖူးသူရော မဖြစ်ဖူးသူ များပါ နှစ်ပတ်ကျော် ကြာအောင် ချောင်းဆိုးခြင်း ဖြစ်ပွားပါက တီဘီရောဂါ နှင့် ဆေးယဉ်ပါး တီဘီရောဂါ ရှိ၊ မရှိကို အဆင့်ဆင့် စစ်ဆေးမှု ခံယူသင့်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းရှိ တီဘီရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားနေသူ များကို နိုင်ငံတော်က အခမဲ့ ကုသပေးလျက် ရှိရာ အောင်မြင်စွာ ကုသပေးနိုင် နေပြီဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားသူဦးရေ ၉ဝဝဝ ခန့်ရှိကြောင်း သက်ဆိုင်ရာက ကောက်ယူ ထားသော သုတေသန စစ်တမ်းများ အရ သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...