Social Icons

Pages

Monday, July 4, 2016

ဆေးခြောက်တွင် ပါဝင်သော ဓာတုပစ္စည်းက အယ်လ်ဇိုင်းမား နှင့် ဆက်နွယ်မှုကို ဖယ်ရှားနိုင်




နယူးယောက် ၊ ၄-၇-၂၀၁၆

အမေရိကန် နိုင်ငံတွင် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားမှု တိုးလာနေပြီး ၂ဝ၅ဝ ပြည့်နှစ်တွင် လက်ရှိလူနာ ဦးရေထက် သုံးဆပိုများ နိုင်သောကြောင့် အယ်လ်ဇိုင်းမား ရောဂါကို ကုသနိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ဆေးခြောက်တွင် ပါဝင်သော ဓာတုပစ္စည်းက အယ်လ်ဇိုင်းမား နှင့် ဆက်နွှယ်သော ပရိုတိန်းကို အာရုံကြောဆဲလ် မှ ဖယ်ရှားပေး နိုင်သော အစွမ်းသတ္တိ ရှိသည်ကို တွေ့ရှိထားပြီး ဆက်လက် စူးစမ်းလေ့လာ နေကြောင်း အမေရိကန် သုတေသီ များက ပြောပြသည်။

ဆေးခြောက်တွင် ပါရှိသော ဒြပ်ပေါင်းတစ်မျိုး က အာရုံကြောဆဲလ် များမှ အယ်လ်ဇိုင်းမား ကို ဖြစ်ပွား စေနိုင်သော beta- amyloid ပရိုတိန်းကို ဖယ်ရှားပေး နိုင်ခြင်းဖြစ်ကြောင်း၊ beta- amyloid သည် ဦးနှောက်ထဲတွင် တွယ်ငြိ ကာ ရှိနေခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါကို ဖြစ်စေကြောင်း၊ ၄င်း ပရိုတိန်းကြောင့် ဦးနှောက်တွင်း အာရုံကြော များသည် တစ်ခုနှင့် တစ်ခု ချောမွေ့စွာ ဆက်သွယ်နိုင်ခြင်း မရှိတော့ဘဲ ကာယကံရှင်တွင် မှတ်ဉာဏ် ချို့ယွင်းခြင်း ဖြစ်ပေါ်လာလေ့ ရှိကြောင်း သိရသည်။

''အယ်လ်ဇိုင်းမား ရောဂါကုထုံး ကို ရှာဖွေတွေ့ရှိ ပြီလို့ ပြောနိုင်ပါတယ်။ ဦးနှောက်ထဲ ရောက်နေတဲ့ beta- amyloid ပရိုတိန်းကို ရှင်းထုတ်နိုင်ရင် ရပါပြီ။ ဒီပရိုတိန်းကို ရှင်းထုတ်နိုင်ဖို့ ကလဲ ဆေးခြောက်ထဲက ဒြပ်ပေါင်းတစ်ခု ရဲ့ အစွမ်းသတ္တိကို အသုံးချရမှာ ဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။

beta- amyloid ပမာဏ မြင့်မားလျှင် အာရုံကြောများ ရောင်ကိုင်းပြီး အာရုံကြောဆဲလ် များကို သေစေနိုင်ကြောင်း၊ ဦးနှောက်တွင်း အာရုံကြော ရောင်ရမ်းခြင်း သည် အယ်လ်ဇိုင်းမား ရောဂါ၏ ပြင်းထန်သော အဆင့်တစ်ခု ဖြစ်ကြောင်း၊ သို့သော် ၄င်းအာရုံကြော ရောင်ရမ်းခြင်းမှာ ဦးနှောက်တွင်း ရောဂါကိုခုခံ ကာကွယ်ပေးသော ဆဲလ်များကြောင့် ဟု မူလက ယူဆခဲ့ကြောင်း၊ ၄င်းဆဲလ်များတွင် beta- amyloid ပရိုတိန်း တွယ်ငြိ နေခြင်းကြောင့် ၄င်းဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း Salk Institute မှ သုတေသီ အန်တိုနီယို ကူရာရစ် က ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...