Social Icons

Pages

Friday, July 1, 2016

သွေးလွန်တုပ်ကွေးရောဂါ



ဒေါက်တာလွင်သန့် (ဆေး-၂)

သွေးလွန်တုပ်ကွေး ရောဂါဟာ ရောဂါပိုး သယ်ဆောင် လာတဲ့ အေးဒိစ်ခြင်ကျား အကိုက်ခံရရာက ကူးစက်တတ် ပါတယ်။ အသက် ခြောက်လ မှ အသက်၂ဝ နှစ်အတွင်း ကလေး၊ လူငယ်တွေမှာ အဖြစ်များတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်မှာ ဇီကာဗိုင်းရပ်စ် သယ်ဆောင်နိုင်တဲ့ ခြင်ကျား ကိုက်ခံရမှ ဖြစ်ပွား တတ်လို့ ခြင်ကျား အကိုက်မခံ ရအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ 

လူကြီးတွေမှာ ရောဂါ လက္ခဏာ မပြတာက ခံနိုင်ရည်ရှိလို့ ဖြစ်ပြီး ကလေးတွေမှာ ကပ်ရောဂါ အသွင် ဖြစ်ပွားလေ့ ရှိကာ အချိန်မီ မကုသရင် သေဆုံးနိုင်တယ်။ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားပါက ဂရုစိုက်ပြီး အရည်များများ တိုက်ရမယ်။ ဓာတ်ဆားရည်၊ ဖျော်ရည်၊ နို့၊ ဟောလစ်၊ စွပ်ပြုတ်တို့ ကျွေးနိုင်ပြီး အဖျားကြီး လွန်းရင် ရေချိုးပေး နိုင်တယ်။ ရေဖတ် တိုက်နိုင်တယ်။ ပါရာစီတမော ဆေးပြား၊ ဆေးရည် တိုက်ကျွေးနိုင် ပါတယ်။ စားဆေးမှာ အစာအိမ် ထိခိုက်တဲ့ အကိုက်အခဲ ပျောက်ဆေးဝါး တွေ ရှောင်ရှား ရမယ်။

ကလေးငယ်တွေ အပူကြီးပြီး မှိန်းလွန်းရင်၊ အစားအသောက်နဲ့ အရည်မဝင်ရင် ဆရာဝန် နဲ့ပြပါ။ အစားအသောက် ဒါမှမဟုတ် အရည်လုံးလုံး လက်မခံဘဲ ဆက်တိုက် အန်နေရင်၊ ကော်ဖီရောင် သို့မဟုတ် အမည်းရောင်တွေ ပါနေရင်၊ မှိန်းလွန်းရင် ဆေးရုံသွားပြီး ဆရာဝန်ရဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ 

အဖျားကျပြီး လက်မောင်းနဲ့ ခြေသလုံးတွေ အလွန် အေးစက်နေရင် ဆေးရုံ အမြန်သွား ရမယ်။ ဒီနှစ် မိုးရာသီက သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များတဲ့ နှစ် ဖြစ်တာကြောင့် ကလေးတွေ ကိုယ်ပူ လာရင် ဆေးရုံသွားပြဖို့ လိုပါတယ်။

ကလေးတွေ အဖျားကြီးရင် ရေဖတ် တိုက်ရမယ်။ ခေါင်းအေးအောင် သုတ်ရမယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ တွေမှာ ရေခဲဖတ် ကပ်ရမယ်။ ပါရာစီတမော ဆေးတောင့် စအိုကနေ ထည့်ပေး သင့်တယ်။ အဖျား အရမ်းကြီးရင်၊ အစားအသောက်၊ အရည် မဝင်ဘဲ ဆက်တိုက် အန်နေရင်၊ ဝမ်းမည်းမည်း ကတ္တရာစေးရောင် ပျစ်ပျစ်တွေ သွားရင် ဆေးရုံတက်ရ ပါမယ်။ ရုတ်တရက် အဖျားကြီးပြီး ခြေသလုံး၊ လက်မောင်း အလွန်အမင်း အေးစက်ရင်၊ ကယောင်ကတမ်း ဖြစ်ရင်၊ မှိန်းလွန်းရင် ဆေးရုံ အမြန်တက်ဖို့ လိုပါတယ်။ အညိုရောင်၊ ချောကလက်ရောင် အစာနဲ့ အရည် မသောက်သင့်ပါ။ ကော်ဖီရောင် နဲ့ ခွဲမရ ဖြစ်နိုင်ပါတယ်။ တခြား အကိုက်အခဲ ပျောက်ဆေးတွေ မတိုက်သင့်ပါ။ မက်ကလောင် မဖောက်သင့်ပါ။

သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်စေဖို့ ခြင်ကိုက် မခံရအောင် ကလေးတွေကို အဝတ်အစား လုံလုံခြုံခြုံ ဝတ်စေခြင်း၊ ခြင်ထောင်၊ ခြင်ဆေးရည်စိမ် ခြင်ထောင်နဲ့ အိပ်စေခြင်း၊ ခြင်လောက်လမ်း နှိမ်နင်းရေး ၁ဝ ချက်ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်၊ လောင်၊ ထောင်၊ လဲ၊ ဖွင့်၊ မှုတ်၊ ဖျန်းဆိုသလို ရေအိုးများ၊ ဖုံးအုပ်၊ ရေစည် ရေတိုင်ကီများမှ ရေများသွန်ပစ်၊ ရေစည်ရေအိုး ရှိ လောက်လမ်းများ ခပ်ပစ်၊ ရေစစ်နဲ့စစ်ယူ၊ ကြောင်အိမ် အောက်ခံများ ရေနံဆီဖျန်း၊ ကလေးများ ဘယ်အချိန် အိပ်အိပ် ခြင်ထောင်နဲ့အိပ်၊ ရေများ လဲလှယ်ဖို့၊ အလင်းဖွင့်ဖို့၊ ခြင်ဆေးမှုတ်၊ ဖျန်းဖို့လို ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...