Social Icons

Pages

Friday, March 11, 2016

မန်းချောင်း ရွှေဆည်တော် သို့ လာရောက် အပန်းဖြေသူများပြား



မင်းဘူး ၊ ၁၁-၃-၂၀၁၆

မကွေးတိုင်း ဒေသကြီး မင်းဘူး-စကု မြို့နယ် မန်းစက်တော်ရာ နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် ရွှေဆည်တော် ကို ရွှေစက်တော် သို့ ဘုရားဖူး လာရောက်သူ များက အပြန်ခရီးတွင် ဝင်ရောက် အပန်းဖြေရန် နေရာတစ်ခု အဖြစ် စိတ်ဝင်တစား သွားရောက်သူ များပြား လာကြောင်း သိရသည်။

''ရွှေစက်တော်က အပြန်ဆိုရင် ဝင်နားကြတယ်။ အရင်က တဲလေးနှစ်လုံး၊ သုံးလုံးလောက်ပဲ ရှိခဲ့တာပါ။ အခုတော့ စားသောက်ဆိုင် တွေကို ရေပေါ်မှာ ဆောက်ထားတာတွေ၊ ရေစပ်မှာ တည်းခိုဆောင် တွေ တည်ဆောက်ထား ပါတယ်။ ဒီမှာရှိတဲ့ စားသောက်ဆိုင် အားလုံးကို ဆွဲဆောင်မှု ရှိအောင် တည်ဆောက်ထားတာ တွေကြောင့် အခုဆိုရင် အရင်နှစ်တွေ ကထက် ဧည့်သည် ဝင်ရောက်မှု ပိုမိုများပြား လာတာပါ။ ဒါ့အပြင် ရွှေဆည်တော်မှာ ရေချိုးရတာ မန်းချောင်း ရွှေစက်တော်မှာ ရေချိုးရတာထက် ပိုအဆင်ပြေ တာကြောင့် အခုဆိုရင် ဧည့်သည် တော်တော်များ လာပါတယ်'' ဟု အိုးပျဉ်မည်း ကျေးရွာမှ လာရောက် ဆိုင်ခန်းဖွင့်လှစ် သည့် ကိုစိန်မောင် က ပြောသည်။

မန်းချောင်း ရွှေဆည်တော် ၌ တည်းခိုဆောင် ရှစ်ဆောင်နှင့် စားသောက်ဆိုင် ပေါင်း ၁၄ ဆိုင်အထိ ရှိနေပြီ ဖြစ်သည်။ တည်းခိုခနှုန်းထား အနေဖြင့်လည်း ဈေးနှုန်း သက်သာခြင်း ကြောင့် လာရောက် အပန်းဖြေ သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...