Social Icons

Pages

Tuesday, March 15, 2016

ဧရာဝတီတိုင်းဒေသကြီး ၌ အဆင့်မြင့် ဆားစက်ရုံ တည်ဆောက်မည်


ထိုင်းနိုင်ငံမှ အဆင့်မီ ဆားလုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်

မအူပင် ၊ ၁၅-၃-၂၀၁၆

ပြည်တွင်းဆား ထုတ်လုပ်မှု မြှင့်တင်ရန် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ၌ MAPCO နှင့် ဆားလုပ်ငန်းရှင် တောင်သူများ ပူးပေါင်း၍ အဆင့်မြင့် ဆားစက်ရုံ တည်ဆောက် သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားလုပ်ငန်း လုပ်ကိုင်သူ တောင်သူများထံမှ သိရသည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် အဆင့်မြင့် ဆားစက်ရုံ တည်ဆောက်ရန် MAPCO က မူအားဖြင့် သဘောတူညီ ထားပြီး ပြည်ပ၌ နည်းပညာများ သွားရောက် လေ့လာလျက် ရှိသည်။ ကုန်ချော ထုတ်လုပ်ပြီးပါက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သည် အထိ အသေးစိတ် လုပ်ဆောင် သွားမည်ဖြစ်ပြီး တည်ဆောက် ပြီးစီးပါက တစ်နာရီလျှင် ဆား ၁ဝ တန်၊ တစ်ရက်လျှင် ဆား တန် ၁ဝဝ ထုတ်လုပ်နိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။အဆိုပါစက်ရုံကို နိုဝင်ဘာလအတွင်း စတင်လည်ပတ် နိုင်ရန် မျှော်မှန်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းဆား ထုတ်လုပ်မှု လျော့နည်း လာသောကြောင့် တရားမဝင် ဆားဝင်ရောက်မှု များပြားလာပြီး ဆားဈေးကွက် ပျက်လာသည့် အပြင် ဆားထုတ်လုပ် သူများ အလုပ်အကိုင် ရှားပါးလာခြင်း ကြောင့် အဆင့်မြင့် ဆားစက်ရုံ တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံ တည်ဆောက်ပြီးစီး ပါက ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည့် အပြင် ပြည်ပမှ ဆားဝင်ရောက်မှု နည်းသွားနိုင်ပြီး ကုန်ကြမ်းရရှိ မှုများနှင့် ပြည်တွင်း ဈေးကွက်လည်း ပြန်လည် ရရှိနိုင်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးသည် အဓိက ဆားထုတ်လုပ်သည့် တိုင်းဒေသကြီး ဖြစ်ပြီး ဆားလုပ်ကွက်ဧက ၁၂ဝဝဝ ရှိကာ မွန်ပြည်နယ်၌ ဆားလုပ်ကွက် ဧက ၂၁ဝဝ ရှိပြီး ရခိုင်ပြည်နယ်၌ ဆားလုပ်ကွက် ဧက ၅ဝဝ သာ ကျန်ရှိကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...