Social Icons

Pages

Thursday, February 4, 2016

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira နှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်း လှည့်လည်လေ့လာ



နေပြည်တော် ၊ ၄-၂-၂၀၁၆

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့်ဇနီး Major General Rachada Kaotira ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားပြတိုက် သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ သည် ညနေပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်သို့  သွားရောက်ကာ စေတီတော်ကြီး အတွင်းရှိ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညို ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုး ၍ အလှူတော်ငွေများ ပေးအပ်လှူဒါန်း သည်။

ယင်းနောက် စေတီတော်ပရိဝုဏ်အတွင်းရှိ ဆင်ဖြူတော်များအားသွားရောက်ကြည့်ရှုသည်။အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ Grand Treasure ရွှေရတနာနှင့် ပိုးထည်တိုက်နှင့် The Rich Gem ကျောက်မျက်ရတနာဆိုင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...