Social Icons

Pages

Monday, February 1, 2016

ဧရာမမြေကျွံတွင်းကြီးကြောင့် အမေရိကန် အဝေးပြေးလမ်း ပိတ်ထားခဲ့ရ




ဟာဘား ၊ ၁-၂-၂၀၁၆

အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် တောင်ပိုင်းရှိ အဓိက ယာဉ်သွားလမ်းဆုံ တစ်နေရာတွင် ဧရာမမြေကျွံ တွင်းကြီးတစ်တွင်း ပေါ်ထွက်လာခဲ့ရာ ယာဉ်သွားလာမှု အခက်အခဲများ ဖြစ်ပေါ် ခဲ့ရကြောင်း အမေရိကန် အခြေစိုက် အိုင်ဘီတီ သတင်းဌာနက ယမန်နေ့တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ မြေကျွံတွင်းကြီး ကြောင့် အော်ရီဂွန်ပြည်နယ် တောင်ပိုင်း အဓိကလမ်းဆုံကြီး တစ်ခု ပျက်ဆီးခဲ့ရပြီး မြေကျွံတွင်း၏ အနက်မှာ ပေ ၆ဝ ထိရှိကြောင်း အော်ရီဂွန်ပြည်နယ် ဟာဘားမြို့မှ တာဝန်ရှိသူ များက ပြောကြားသည်။

ဟာဘားမြို့အမှတ် ၁ဝ၁ အဝေးပြေး လမ်းပိုင်းအနီး မိုးရွာသွန်းမှုများ ကြောင့် မြေ ပြိုမှုများ ဖြစ်ပွား ခဲ့ပြီနောက် နှစ်ပေါင်း ၂ဝ အတွင်း အကြီးဆုံးသော ဧရာမ မြေကျွံတွင်းကြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြေကျွံတွင်း ပေါ်ပေါက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ် များလည်း ထိုခိုက်မှု မရှိခဲ့ကြောင်း အော်ရီဂွန်ပြည်နယ် သယ်ယူ ပို့ဆောင်ရေးဌာနက ပြောကြားခဲ့ပြီး သီတင်းတစ်ပတ် အတွင်း အဆိုပါ အဝေးပြေးလမ်း ပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

အော်ရီဂွန်ပြည်နယ် ၏ ပထဝီဝင် အနေအထားကြောင့် မြေပြိုမှုများနှင့် မြေကျွံတွင်းများ မကြာခဏ ပေါ်ပေါက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကလည်း မြေကျွံတွင်းကြီး တစ်တွင်း ပေါ်ပေါက်ခဲ့ ဖူးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...