အရင်တုန်းက ကျောင်းဝင်းထဲကနေ ပြေးထွက်လာတဲ့ ကလေးတွေကို မိဘတွေက ဒီနေ့ စာတွေ ရရဲ့ လားလို့  မေးကြပါတယ်။ အခုတော့ ဒီနေ့ ပျော်ရဲ့ လား လို့ မေးကြတာ ပိုများလာတာ သတိထားမိ ပါတယ်။ ကျောင်းဆိုတာ ကျောင်းသူ ကျောင်းသားတွေ ပျော်တဲ့နေရာ ဖြစ်ရမယ်ဆိုတာ မိဘတွေကလည်း သိရှိနားလည် မျှော်လင့် လာကြတဲ့ နိမိတ် လက္ခဏာလို့  ယူဆ နိုင်ပါတယ်။
ဒါဖြစ်ရင် ကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေ ပျော်အောင် ဘယ်လို ထားကြမလဲ။ တချို့ မိဘတွေက သူတို့ ရဲ့  ရာထူး၊ ဂုဏ်အရှိန်၊ ဆရာ ဆရာမ တွေနဲ့  သိကျွမ်း ရင်းနှီးမှုကို အသုံးချပြီး ကိုယ့်ကလေးကို အကာအကွယ် ပေးဖို့  ကြိုးစားကြ ပါတယ်။ တချို့ ကလည်း ကိုယ့်ကလေးကို နိုင်စားတယ် လို့ ထင်ရဲ့  တခြား ကလေးကို စာသင်ခန်းထဲ အထိ အရောက်သွားပြီး အဲဒီကလေးကို မာန်မဲဆူပူ ခြိမ်းခြောက်ကြ ပါတယ်။ အဲဒီလို လုပ်တာဟာ ဥပဒေ ချိုးဖောက်ရာ ကျသလို လူကြီးလူကောင်း မပီသတဲ့ လုပ်ရပ်လည်း ဖြစ်သွားတယ် ဆိုတာ သိထားသင့် ပါတယ်။ တချို့ ကလည်း ကလေးကို အိမ်ကတည်းက စိတ်ဓာတ် တစ်မျိုးပြီးတစ်မျိုး ရိုက်သွင်းပေး တတ်ကြပါတယ်။ ကျောင်းမှာ ဘယ်သူ ဘာလုပ်ရင်ဖြင့် ဘယ်လို ပြန်လုပ်ပစ်လိုက် ဆိုတာမျိုးပေါ့။ တစ်ကယ်တော့ ကျောင်းသားလေး တစ်ယောက် ကျောင်းမှာ ပျော်ရွှင်ဖို့ ဆိုတာ လွယ်မယောင်နဲ့ ခက်ပြီး ခက်မယောင်နဲ့  လွယ်ပါတယ်။
အရေးအကြီးဆုံး ကတော့ စာရဖို့ ပါပဲ။ ဒုတိယ အရေးအကြီး ဆုံးကတော့ ဆရာ၊ ဆရာမတွေက စိတ်ဖိစီးမှု မပေးဖို့ ပါ။ တတိယ အရေးအကြီး ဆုံးကတော့ သူငယ်ချင်းတွေနဲ့  အဆင်ပြေဖို့ ပဲ ဖြစ်ပါတယ်။ ကျောင်းသား တစ်ယောက် စာရတယ်၊ မရဘူးဆိုတာ လူကြီးမိဘက အဲဒီ ကျောင်းသား စာရတယ်၊ မရဘူးဆိုတာ ဘယ်လို ဆုံးဖြတ်သလဲ ဆိုတဲ့ အပေါ် မူတည်ပြန် ပါတယ်။ စာမေးပွဲမှာ အမှတ်ပြည့်ရမှ ဆိုတဲ့ ကိုယ့်အတ္တ ကြောင့် ကျောင်းသား ဖြစ်သူမှာ ကျောင်းစာ တစ်မျိုးပဲ တတ်တဲ့၊ ကျောင်းစာကိုလည်း မုန်းတဲ့သူ ဖြစ်လာနိုင်ပြီး အခုနောက်ပိုင်း အတွေ့ ရ များနေတဲ့ အဖေတို့ အမေတို့ စိတ်တိုင်းကျ ဆရာဝန် ဖြစ်အောင် ကျွန်တော် လုပ်ပေးခဲ့ပြီးပြီ။ အခု ကျွန်တော် လုပ်ချင်တာကို ပေးလုပ်ပါတော့ ဆိုတဲ့ ဆေးကု မစားတဲ့ ဆရာဝန်တွေ မွေးထုတ်ပြီးသား ဖြစ်နေနိုင် ပါတယ်။
တချို့ မိဘ တွေကလည်း ပထမ၊ ဒုတိယ ရတာထက် စာမေးပွဲမှာ မှန်မှန်အောင်ပြီး ကျောင်းစာ၊ ပေါင်းသင်း ဆက်ဆံရေး ပညာ၊ အားကစား၊ အနုပညာ၊ အတွေးအခေါ်၊ အကျင့်အကြံ အစရှိသည်ဖြင့် ဘက်စုံဖွံ ဖြိုး တိုးတက်တဲ့ ကျောင်းသားလေး တွေဖြစ်တာကို ပိုပြီး သဘောကျကြ ပါတယ်။
အခု အရှေ့ တောင်အာရှ၊ အင်ဒိုနီးရှား နိုင်ငံမှာ မူလတန်း ပညာရေးကို ပျော်ရွှင်ဖွယ် စာသင်ကြားရေး ပတ်ဝန်းကျင် ဖြစ်လာအောင် သြစတြေးလျ ပညာရှင် တွေနဲ့  ပူးပေါင်း ဆောင်ရွက် နေပုံကို လေ့လာ ကြည့်ရအောင်ပါ။ သြစတြေးလျ ပညာရှင် (၅) ဦးက မူလတန်း ကျောင်း တစ်ကျောင်းရဲ့ ဆရာ၊ ဆရာမ ၄၀ ဦးနဲ့  အကူ ၃၀ ဦးတို့ နဲ့ အတူ ‘တစ်ကျောင်းလုံး သင်ကြားရေး နည်းပညာ’ ကို လက်တွေ့  လေ့ကျင့်ပေး နေတာပဲ ဖြစ်ပါတယ်။ အာမတ်ဒါလန် တက္ကသိုလ် က ဦးစီးပြီး သြစတြေးလျ ဆရာ၊ ဆရာမတွေ၊ သင်ကြားမှု သင်ယူမှု ပညာရှင်တွေနဲ့  အင်ဒိုနီးရှားက ဆရာ၊ ဆရာမတွေ ရင်းနှီးစွာတွေ့ ဆုံ ဆွေးနွေးနေတဲ့ Workshop တွေ စတင်နေပြီ ဖြစ်ပါတယ်။ေ ကျာင်းကို ပျော်ရွှင်ဖွယ် ကောင်းပြီး အပြုသဘော ဆောင်တဲ့ ပတ်ဝန်းကျင် ဖြစ်လာအောင် တည်ဆောက်ရာမှာ ဆရာ၊ ဆရာမ တွေက ခေါက်ရိုးကျိုးနေတဲ့ လမ်းကြောင်းထဲ ကနေ ဆန်းသစ်တဲ့ အမြင်တွေ ရရှိနိုင်တဲ့ အဆင့်ကို ခုန်ကူးနိုင်ဖို့  လိုအပ်တဲ့အတွက် ပြည်တွင်း၊ပြည်ပ ပညာရှင်တွေနဲ့  တွေ့ ဆုံဆွေးနွေး ကြတဲ့ Workshop တွေ အထူး လိုအပ်ပါတယ်။ သူတို့  လက်ရှိ လေ့ကျင့် နေကြတာ Bottom-up Teacher Capacity Building ဖြစ်ပါတယ်။
ကလေး တစ်ယောက်ကို ကောက်ချီ လိုက်တာနဲ့ ၊ ကိုယ်က မမေးဘဲနဲ့ ကို ဒီနေ့ ကျောင်းမှာ ဘာတွေသင်ယူ တတ်မြောက် လာတယ်ဆိုတာ ပျော်ရွှင်စွာ ပြောပြတာမျိုး ဖြစ်ရမယ်လို့  ပညာရှင် တွေက ဆိုပါတယ်။ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက် တွေမှာလည်း ကျောင်းသူ ကျောင်းသားတွေ ကျောင်းကိုလာပြီး ကစားလို့  ရနိုင်တဲ့ အားကစားတွေ နဲ့  အားကစား ပြုလုပ်ရာ အဆောက်အဦ တွေ ရှိသင့်ပါတယ်။ ကျောင်းကနေ စိတ်ပျက် မောပန်းစွာ ပြန်လာပြီး မပြီးနိုင် မစီးနိုင်တဲ့ အိမ်စာတွေကို လုပ်နေရတာမျိုး မဖြစ်သင့်ဘူးလို့  ပညာရှင်တွေက ထောက်ပြ ထားပါတယ်။
ဆရာ၊ ဆရာမက ကျောင်းသူ ကျောင်းသား တွေကို အသိပညာ ပေးဖို့ အာရုံတစ်ခုပဲ ရှိပြီး အဲဒီ အသိပညာဟာ ကျေင်းသူ ကျောင်းသား တွေနဲ့  တိုက်ရိုက် အပ်စပ်မှု မရှိဘူးဆိုတာ ဂရုမစိုက်ဘူး၊ ကျောင်းသား ကျောင်းသူ တွေနဲ့  သင့်လျော်အောင် ပြင်ဆင် တည်းဖြတ်တာမျိုး မလုပ်ဘူးဆိုရင် အလုပ် ပြီးမြောက်မှုပဲ ရှိပြီး အလုပ် အောင်မြင်မှု မရှိတဲ့ အလွတ် ကျက်၊ ဖြေ စနစ်ကနေ လွတ်မြောက်မှာ မဟုတ်ဘူးလို့  သြစတြေးလျ ပညာရှင်တွေက ပြောပြ ပါတယ်။
အင်ဒိုနီးရှား အစိုးရဟာ ၂၀၁၃ ခုနှစ်ကလည်း သင်ရိုးညွှန်းတမ်း အချို့ ကို လျှော့ချခဲ့ ပါတယ်။ ကလေးတွေ အပေါ် ဖိအားများလို့ ဖြစ်ပါတယ်။ အခု အင်ဒိုနီးရှားမှာ ဇာတ်ကောင် ဖန်တီး တည်ဆောက်ရေး အခြေပြု ပညာ သင်ကြားမှု စနစ်ကို အသုံးပြု နေပါတယ်။ ကျောင်းသားတိုင်းဟာ ကိုယ့်ကိုယ့်ကိုယ် ဇာတ်ကောင် တစ်ကောင်လို့  မြင်ရပါမယ်။ ကိုယ်ဖန်တီးတဲ့ ဇာတ်ကောင်ဟာ ကိုယ့်ရဲ့ စိတ်ကြိုက် ဖန်တီးမှု ဖြစ်လာအောင် ဆရာ၊ ဆရာမနဲ့  သင်ရိုးညွှန်းတမ်း တွေက အထောက်အကူ ပြုပေးပါတယ်။ စာမသင်ပဲ လူကိုသင်တဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။
ဒီလို လုပ်နိုင်မှသာ ကျောင်းဆင်းလို့  ကျောင်းဝင်းထဲ ကနေ ပြေးထွက်လာတဲ့ ကျောင်းသူ ကျောင်းသား တွေက မိဘ ရင်ခွင်ထဲကို ပြေးဝင်ပြီး ဒီနေ့ ကျောင်းမှာ ပျော်လိုက်တာလို့  ဦးအောင် ပြောနိုင်ကြ ပါလိမ့်မယ် လို့  အင်ဒိုနီးရှား နိုင်ငံရဲ့  ပြောင်းလဲ ကျင့်သုံးနေတဲ့ ပညာရေး စနစ် အကြောင်း တစေ့တစောင်း လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။ (TMK)
ရတနာပုံနေ့စဉ် ၊ စာ(၃၂)
#Yadanarpondaily
No comments:
Post a Comment