Social Icons

Pages

Tuesday, July 28, 2015

အမေရိကန်ပြည်ထောင်စု တွင် နှစ် ၅၀ အတွင်း ဆေးခြောက်သုံးစွဲမှုနှုန်း ကျဆင်းမှုမရှိခဲ့


နယူးယောက် ၊ ၂၈-၇-၂၀၁၅

အမေရိကန် ပြည်ထောင်စုရှိ အချို့သော ပြည်နယ်များတွင် ဆေးခြောက်ကို တရားဝင် ရောင်းဝယ် ဖောက်ကား သုံးစွဲခွင့် ပြုထားပြီးနောက် အမေရိကန် ပြည်ထောင်စု တွင် ဆေးခြောက်နှင့် ဆက်စပ် ပြဿနာများ တိုးလာ နေသည့်အတွက် လူထု၏ ဆေးခြောက် သုံးစွဲမှုကို စစ်တမ်း ကောက်ယူခဲ့ရာ လွန်ခဲ့သော နှစ် ၅၀ အတွင်း အမေရိကန် နိုင်ငံသားများ၏ ဆေးခြောက် သုံးစွဲမှုနှုန်းမှာ ကျဆင်း သွားသည် မရှိကြောင်း ၊ ယခုအခါ နိုင်ငံသား စုစုပေါင်း ၏ ၄၄ ရာခိုင်နှုန်းထက် မနည်းတို့က ဆေးခြောက်ကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သုံးစွဲခဲ့ဖူး သည်ကို တွေ့ရကြောင်း သုတေသီ များက ပြောပြသည်။

အမေရိကားတွင် ဆေးခြောက်ရွက်ကို လိပ်ပြီး ဆေးလိပ်ကဲ့သို့ သောက်ခြင်းကို ၁၉၆၉ ခုနှစ်ခန့်ကပင် စတင်ခဲ့ကြခြင်း ဖြစ်ပြီး ထိုစဉ်က ဆေးခြောက်ကို တိုက်ရိုက် ရှူဖူးသူ ဦးရေသည် ၄ ရာခိုင်နှုန်း ခန့်သာရှိ ခဲ့ကြောင်း ၊ ကိုလံဘီယာ အပြင် ယမန်နှစ်က ကိုလိုရာဒို ၊ အလာစကာ ၊ ၀ါရှင်တန် ၊ အော်ရီဂွန် ပြည်နယ် တို့တွင်လည်း ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ပြုခဲ့ပြီး သည့်နောက် ဆေးခြောက်ကို အပျော်သဘော ဖြစ်စေ ၊ အပန်းဖြေ အနားယူသည့် သဘောဖြစ်စေ သုံးစွဲသူ ဦးရေမှာလည်း မြင့်တက် လာကြောင်း သိရသည်။

" တကယ်တော့ ကျွန်တော်တို့ဆီ မှာ ဆေးခြောက် သုံးစွဲမှုနှုန်းက လွန်ခဲ့တဲ့ နှစ် ၅၀ လောက် ကတည်းက ပြန်လျော့ သွားတာ မရှိဘဲ တိုးပဲ တိုးလာတာပါ ၊ တရားဝင် သုံးစွဲခွင့်ပြု လိုက်တဲ့ ပြည်နယ်တွေ ပေါ်လာတော့ ပိုဆိုးတာပေါ့ ၊ ၂၀၁၃ ခုနှစ်မှာ ဆိုရင် လူပေါင်း ၃၈ ရာခိုင်နှုန်း က ဆေးခြောက်ကို အနည်းဆုံး တစ်ကြိမ် သုံးဖူးကြ ပါတယ် ၊ ဒါဟာ နှစ်နှစ် အတွင်းမှာ ၆ ရာခိုင်နှုန်း ထပ်တက် လာတာပါ ၊ အခုဆိုရင် ဆေးခြောက်ကို အနည်းဆုံး တစ်ကြိမ် သုံးဖူးသူဦးရေ က ၄၄ ရာခိုင်နှုန်းတောင် ရှိလာပါပြီး " ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...