Social Icons

Pages

Wednesday, June 3, 2015

ထိုင်းနိုင်ငံမှ အေးခဲ အသားနှင့်ငါးများကြောင့် စားသုံးသူများနှင့် မွေးမြူရေးသမားများ ထိခိုက်လာနိုင်


တရားမ၀င် တင်သွင်းလာသော အေးခဲအသားများ

ရန်ကုန် ၊ ၃-၆-၂၀၁၅

ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ တရားမဝင် တင်သွင်း လာသော အေးခဲအသား များ၊ ငါး၊ ပုစွန်များသည် ပြည်တွင်းရှိ စားသုံးသူ များကို ဘေးဥပဒ် အန္တရာယ် ဖြစ်စေနိုင်သည့် အပြင် ပြည်တွင်း မွေးမြူရေး လုပ်ငန်းများ ကိုလည်း ထိခိုက် လာနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ ဘက်မှ အေးခဲကြက်သား၊ ငါး၊ ပုစွန်များကို ပြည်တွင်းသို့ တရားမဝင် တင်သွင်းမှုသည် ယခင်က ပမာဏ အနည်းငယ်သာ ဖြစ်သော်လည်း ယခု ပြည်တွင်း ဈေးကွက်၌ သားငါးဈေး ကြီးမြင့် လာချိန်တွင် တရားမဝင် တင်သွင်းမှုများ ပိုမိုများပြား လာကြောင်း သိရသည်။

ပြည်ပနိုင်ငံ များမှ တရားမဝင် တင်သွင်းလာသော အေးခဲ အသားများ ၊ ငါး၊ ပုစွန်များသည် ပြည်တွင်း စားသုံးသူများ အတွက် အစားအစာ အန္တရာယ် ကင်းရှင်းမှု အာမခံချက် မရှိသည့်အပြင် ပြည်တွင်း မွေးမြူရေး လုပ်ငန်းရှင် များရှိ တိရစ္ဆာန်များ သို့လည်း ပြည်ပမှ ရောဂါများ ပျံ့နှံ့ကူးစက် ခြင်းများ ဖြစ်လာ နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်ပမှ တရားမဝင် တင်သွင်းမှု များကို ထိရောက်စွာ တားဆီး အရေးယူ ဆောင်ရွက်ပေးရန် မွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်း ဈေးကွက် လိုအပ်ချက် အရ တင်သွင်းမည် ဆိုပါက ကျသင့်သော အခွန်များ ပေးဆောင် စေပြီး ကျန်းမာရေး ထောက်ခံချက်၊ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် နှင့်အတူ တရားဝင် တင်သွင်းခွင့် ပြုသင့်ကြောင်း မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...