Social Icons

Pages

Friday, June 12, 2015

မြန်မာ့ယဉ်ကျေးမှုလက်ရာ ပစ္စည်းများကို နိုင်ငံခြားခရီးသွား ဧည့်သည်များ နှစ်သက်တန်ဖိုးထား ဝယ်ယူစုဆောင်းလာ



ရန်ကုန် ၊ ၁၂-၆-၂ဝ၁၅

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု လက်ရာ ပစ္စည်းများကို မြန်မာနိုင်ငံသား များက နှစ်သက် တန်ဖိုးထားရုံ သာမက နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကပါ နှစ်သက်ကာ တန်ဖိုးထား ဝယ်ယူ စုဆောင်းလျက် ရှိကြောင်း ရှေးဟောင်း ယဉ်ကျေးမှု လက်ရာ ပစ္စည်းများကို ခေတ်မီ ဒီဇိုင်းများ ပြုလုပ်ရောင်းချ နေသော ဗိုလ်ချုပ်ဈေးရှိ Yangoods ဆိုင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်း ပုံရိပ်များကို လိုက်လံ စုဆောင်း၍ ပုံရိပ်ဖော် ဒီဇိုင်းဆွဲကာ ပိုက်ဆံအိတ်၊ စာအုပ်၊ စာရေးကိရိယာ၊ ဆေးပေါ့လိပ်၊ ပန်းချီကား နှင့် ဖယောင်းတိုင် စသည့် ရှေးဟောင်း လက်ရာပစ္စည်း ၄၅ မျိုးကို Yangoods မှ ထုတ်လုပ် ရောင်းချရာ နိုင်ငံခြား ခရီးသွား ဧည့်သည် ၆ဝ ရာခိုင်နှုန်းက ဝယ်ယူကြပြီး မြန်မာ နိုင်ငံသား ၄ဝ ရာခိုင်နှုန်း ကလည်း မြန်မာ့ ယဉ်ကျေးမှု ရှေးဟောင်း လက်ရာ ပစ္စည်းများကို ဝယ်ယူအားပေး ကြကြောင်း သိရသည်။

'' ဒီ မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာ ပစ္စည်းတွေဟာ မြန်မာနိုင်ငံသား တွေအနေနဲ့ လည်း မြန်မာနိုင်ငံရဲ့ အနုပညာကို ခံစားလို့ ရသလို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ကလည်း မြန်မာနိုင်ငံရဲ့ အလှအပကို ခံစားလို့ ရတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

Yangoods မှ မြန်မာ့ရှေးဟောင်း လက်ရာများကို ပြန်လည် ဆန်းသစ်၍ ပစ္စည်းများကို ထုတ်လုပ် ရောင်းချရာတွင် မြန်မာနိုင်ငံမှ ရှေးဟောင်း ပုံရိပ်များကို ရှာဖွေ၍ ပြည်ပမှ ကုန်ကြမ်း များဖြင့် မြန်မာနိုင်ငံ၌ ပြန်လည်ပြုလုပ် ရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာ့ ယဉ်ကျေးမှု လက်ရာ ပစ္စည်းများကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ နှစ်သက်စွာ ဝယ်ယူ စုဆောင်းလေ့ ရှိသကဲ့သို့ မြန်မာနိုင်ငံသား များကလည်း ပြည်ပရောက် မိတ်ဆွေများထံ လက်ဆောင် ပေးခြင်းများနှင့် မိမိကိုယ်တိုင် မြန်မာ့ ယဉ်ကျေးမှုကို နှစ်သက်မြတ်နိုး သောကြောင့် ဝယ်ယူ စုဆောင်းကာ သိမ်းဆည်းမှုများ ရှိလာကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...