Social Icons

Pages

Wednesday, May 27, 2015

3G အင်တာနက် အသုံးပြုမှုအတွက် အူရီဒူးမှ 1Mb လျှင် ၆ ကျပ်နှုန်း လျှော့ချပေး



ရန်ကုန် ၊ ၂၇-၅-၂၀၁၅

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍမှ ပြည်ပ အော်ပရေတာ တစ်ခုဖြစ်သော အူရီဒူး မြန်မာသည် Phalan Phalan အင်တာနက်ဟု အမည်ရသော 3G အင်တာနက် အသုံးပြုမှု အတွက် 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချလိုက်ပြီး မေ ၂၇ ရက်မှ စတင်၍ ဈေးနှုန်းသစ်ဖြင့် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အူရီဒူးမြန်မာ အနေဖြင့် မူလက 1Mb လျှင် ငွေ ၁၅ ကျပ်နှုန်းနှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ငွေကျပ် ၂ဝ နှုန်းဖြင့် ဝန်ဆောင်မှု ပေးထားရာမှ မေ ၂၇ ရက်မှ စတင်ကာ အင်တာနက် သုံးစွဲခများကို 1Mb လျှင် ငွေ ၆ ကျပ်နှုန်းသို့ လျှော့ချ သုံးစွဲခွင့် ဝန်ဆောင်မှုအား ပေးအပ်သွားမည် ဖြစ်သည်။

အူရီဒူးဖုန်း သုံးစွဲသူများ အတွက် 3G အင်တာနက် ဝန်ဆောင်မှုအား အထူး ကောင်းမွန်သော ငွေကြေးနှုန်းထား နှင့် ကောင်းမွန်သည့် လိုင်းဝန်ဆောင်မှု တို့ကို ပေးသွားမည် ဖြစ်ကာ Package ဖြင့် အင်တာနက် ဝန်ဆောင်မှု ဝယ်ယူထား သူများကိုလည်း ထပ်ဆောင်း အပိုပမာဏ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ဈေးကွက် အတွင်း၌ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များ၏ ဈေးနှုန်း လျှော့ချ ဝန်ဆောင်မှု များနှင့်အတူ သုံးစွဲမှုတွင် အင်တာနက်လိုင်း ကောင်းမွန်မှု များကို အသားပေး ရွေးချယ်လာ ကြပြီး လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ်သော ဖုန်းလိုင်းကတ် များထက် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များမှ ဖုန်းလိုင်းကတ် များကို သုံးစွဲမှုများပြား လာသဖြင့် ဈေးနှုန်း လျှော့ပေးခြင်း၊ လိုင်းကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...