Social Icons

Pages

Tuesday, April 21, 2015

ကျောက်စိမ်းတုံးများ နှင့် တရားမ၀င် သစ်များဖမ်းဆီးရမိ


စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသော တရားခံများနှင့် သိမ်းဆည်းရမိသော
 ကျောက်စိမ်းတုံး များကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၁-၄-၂၀၁၅

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံ ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်စဉ် ဧပြီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် တွင် မိုးမောက်မြို့မှ လွယ်ဂျယ်သို့ မောင်းနှင်လာသော လိုက်ထရပ် အမျိုးအစား ယာဉ်အမှတ်၊ ၉ဂ/---- အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော စိုးထွေးဦး (ဘ) ဦးဟန်သောင်း ၂၅ နှစ်၊ လင်းဇော်ဦး (ဘ) ဦးသိန်းဟန် ၃၇ နှစ်၊ စိုင်းခန်းလင်း (ဘ) ဦးစိုင်းရာဇာဦး ၂ဝ နှစ်၊ ရဲကိုနိုင် (ဘ) ဦးသိန်း လှိုင် ၁၉ နှစ်တို့နှင့် အတူ ယာဉ်၏ အနောက်ခန်း ကြမ်းပြင်တွင် အံဝှက် ပြုလုပ်ကာ သယ်ဆောင် လာသော အချင်း ၃ လက်မမှ ၉ လက်မခန့်ရှိ အိတ်အဝါရောင် အတွင်းမှ ကျောက်စိမ်းတုံး ၁၈၅ တုံး၊ ခန့်မှန်း ပိဿာ ၃ဝဝ ခန့်အား သိမ်းဆည်း ရမိခဲ့သည်။ 

အဆိုပါ ဖမ်းဆီးရမိ တရားခံများ၊ ကျောက်စိမ်းတုံး များနှင့် မော်တော်ယာဉ်အား မိုးမောက်မြို့နယ် ရဲစခန်းသို့ တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး လွှဲပြောင်းပေးအပ် ခဲ့သည်။

ဖရဲသီးများ ဖုံးအုပ်၍ တရားမ၀င် သစ်များ တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို တွေ့ရစဉ်

အလားတူ ဧပြီ ၁၉ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများသည် မိုးမောက်မှ လွယ်ဂျယ်သို့ ဖရဲသီးများ တင်ဆောင်၍ သွားလာလျက် ရှိသော ယာဉ်များတွင် တရားမဝင် သစ်များအား ဖုံးအုပ် သယ်ဆောင်လျက် ရှိကြောင်း သတင်းရရှိ သဖြင့် မိုးမောက် နှင့် စိန်လုံကြား လိုက်လံစစ်ဆေး ဆောင်ရွက်စဉ် နံနက် ၁ဝ နာရီခန့်တွင် လော့ဒန် ကျေးရွာအနီး၌ ဖရဲသီးများ ဖုံးအုပ်၍ တရားမဝင် သစ်များ တင်ဆောင် ထားသည့် ပိုင်ရှင်မဲ့ နစ်ဆန်း အမျိုးအစား ၁၂ ဘီးယာဉ် တစ်စီးအား လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်၌ ၈ မိုင် ၄ ဖာလုံခန့်တွင် တရားမဝင် သစ်များ တင်ဆောင်ထားသည့် အပြာရောင် ဒေါင်ဖန်း အမျိုးအစား ခြောက်ဘီးယာဉ် အားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်၌ ၇ မိုင်တွင် ပြောင်းဖူး အိတ်များဖုံး၍ တရားမဝင် သစ်များ တင်ဆောင် ထားသော ၁၂ ဘီးယာဉ်အား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၅ဝ မိနစ်ခန့်၌ ၅ မိုင်တွင် ဖရဲသီးများ ဖုံးအုပ်၍ တရားမဝင် သစ်များ တင်ဆောင် ထားသော အဝါရောင် ၁၂ ဘီးယာဉ် အား လည်းကောင်း၊ ညနေ ၅ နာရီ ၁ဝ မိနစ် ခန့်တွင် ပန်မူကျေးရွာ အနီး၌ ဖရဲသီးများ ဖုံးအုပ်၍ တရားမဝင် သစ်များ တင်ဆောင်ထားသော မီးခိုးရောင် ၁ဝ ဘီးယာဉ် တစ်စီး၊ စုစုပေါင်း ယာဉ်ငါးစီးနှင့် တရားမဝင် သစ်များအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသော တရားမဝင် သစ်တင်ယာဉ် ငါးစီးနှင့် တရားမဝင် သစ်များအား မိုးမောက်မြို့နယ် သစ်တော ဦးစီးဌာနသို့ လွှဲပြောင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁ဝဝ)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...