Social Icons

Pages

Monday, March 2, 2015

ပြည်ပသို့ ကဏန်းများ တင်ပို့ရာတွင် ပို့ကုန်ဈေးကွက်ကို ပြောင်းလဲမည်



ရန်ကုန် ၊ ၃-၂-၂၀၁၅

ပြည်ပနိုင်ငံ များသို့ ကဏန်းများ တင်ပို့ ရောင်းချရာတွင် ပို့ကုန် ဈေးကွက်များကို ပြောင်းလဲ၍ တင်ပို့သွားမည့် အပြင် ရောင်းချသည့် ဈေးကွက် အနေအထား ကိုလည်း ပြင်ဆင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။
.
ယခုအခါ ပြည်တွင်းမှ ထွက်ရှိသည့် ကဏန်းများ ကို တရုတ်နိုင်ငံ ဈေးကွက်သို့သာ ဦးတည်တင်ပို့ နေရာမှ တခြားသော ပြည်ပ နိုင်ငံများသို့လည်း တင်ပို့နိုင်ရန် ဈေးကွက်များကို ရှာဖွေလျက် ရှိကြောင်း သိရသည်။တရုတ်နိုင်ငံသို့ ပြည်တွင်းမှ ထွက်ရှိသည့် ကဏန်းများကို တင်ပို့ ရောင်းချရာတွင် ဈေးကွက်ကို လျှော့ချ၍ ဂျပန်၊ ထိုင်းနှင့် ဥရောပ ဈေးကွက်များသို့ ပြောင်းလဲတင်ပို့ နိုင်ရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်။
.
ကဏန်းစားသုံးမှု ဈေးကွက်၌ ကဏန်းပျော့ စားသုံးမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာလျက် ရှိသည်။ ကဏန်းပျော့မှာ ကဏန်းငယ်လေး များကို အခြေခံ၍ လုပ်ကိုင် ရခြင်းကြောင့် ကဏန်းငယ် လေးများ အရွယ် မရောက်မီ ဈေးကွက်အတွင်း တင်ပို့ ရောင်းချခြင်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
.
ယခုအခါ ဈေးကွက်အတွင်း ၁ဝဝ ဂရမ်အောက် ကဏန်းငယ်များ ရောင်းချခြင်းကို ပိတ်ပင် လိုက်သည့်အပြင် အရွယ်မရောက် သေးသည့် ကဏန်းငယ်များ ဖမ်းဆီးခြင်း ကိုလည်း ပိတ်ပင် လိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...