Social Icons

Pages

Wednesday, March 18, 2015

တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်လာနိုင်ပါက အခြေခံလူတန်းစားများ အတွက် အလုပ်အကိုင် နေရာများစွာ ဖန်တီး ပေးလာနိုင်


သစ်အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၈-၃-၂ဝ၁၅

ပြည်တွင်းမှ ထွက်ရှိသော အသီးအနှံများ၊ သံ၊ သတ္တုရိုင်းများ၊ သစ်တောထွက် ပစ္စည်းများ စသည့် သယံဇာတ ကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ရာတွင် ကုန်ကြမ်းအဖြစ် တင်ပို့မည့် အစား ကုန်ချော ပြုလုပ်၍ တန်ဖိုးမြင့် ထုတ်ကုန် ( Value Added Products ) များအဖြစ် ပြောင်းလဲ တင်ပို့မည် ဆိုပါက အခြေခံ လူတန်းစားများ အတွက် အလုပ်အကိုင် များစွာ ဖန်တီး ပေးလာနိုင်မည့် အပြင် နိုင်ငံခြားဝင်ငွေ ရရှိမှု ပိုမိုတိုးတက် လာမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် လယ်ယာ ထွက်ကုန်များ ဖြစ်သည့် ဆန်ကွဲ၊ ပြောင်း၊ နှမ်းနှင့် နေကြာ အစရှိသည် တို့ကို ကြာဆံ၊ သာကူ၊ စားသုံးဆီ၊ ဆီမွှေးနှင့် တခြား အသင့်စား စားသောက်ကုန်များ အဖြစ် ပြောင်းလဲ ထုတ်လုပ်ခြင်း၊ တွင်းထွက် ပစ္စည်းများ ဖြစ်သော ခဲ၊ သံ စသည့် သတ္တုရိုင်းများကို ဘက်ထရီ ပလိတ်ပြားများ၊ အိမ်ဆောက် ပစ္စည်းများ၊ စက်ကိရိယာ အစိတ်အပိုင်းများ စသည်ဖြင့်ပြောင်းလဲ ထုတ်လုပ်ခြင်း နှင့် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်မာနှင့် ရော်ဘာများ ကိုလည်း ပရိဘောဂ ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ မော်တော်ကား၊ ဆိုင်ကယ်များ အတွက် ကျွတ်များ၊ တာယာများ စသည်ဖြင့်ြေ ပာင်းလဲ ထုတ်လုပ်ခြင်း အစရှိသော တန်ဖိုး မြင့်ထုတ်ကုန် (Value Added Products) များအဖြစ် ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်း များကို တန်ဖိုးမြှင့် ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်ရန် ပြည်တွင်းရှိ ကုမ္ပဏီကြီး များက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SME) နှင့် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ထိုသို့ ပူးပေါင်း ဆောင်ရွက်ပါက မြန်မာနိုင်ငံ၌ SME လုပ်ငန်းများသည် စုစုပေါင်း စီးပွားရေးလုပ်ငန်း အားလုံး၏ ၉ဝ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါများ လာပြီး အလုပ်လက်မဲ့ ဦးရေ လျော့နည်း လာခြင်းနှင့် အတူ နိုင်ငံတော်မှ ဆောင်ရွက် နေသည့် ဆင်းရဲမှု လျှော့ချရေး အတွက်များစွာ အကျိုး သက်ရောက် စေနိုင်ကြောင်း နှင့် မြန်မာနိုင်ငံ၌ မကြာသေးမီက ကောက်ယူခဲ့သော စာရင်းများအရ SME  လုပ်ငန်းများ စုစုပေါင်း အရေအတွက် သည် ၁၂၆ဝဝဝ ကျော်ရှိပြီး ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းအားလုံး ၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...