Social Icons

Pages

Wednesday, February 11, 2015

(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) နှင့်စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ


(၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) နှင့်စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ


နေပြည်တော် ၊ ၁၁-၂-၂၀၁၅

မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) နှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့ ဒေသ စံတော်ချိန် ည ၇ နာရီ တွင် ကွာလာလမ်ပူမြို့ ရှိ Shangri-La Hotel Sabah Grand Ballroom ၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစည်းအဝေး သဘာပတိ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Haji Zulkifeli Bin Mohd Zin နှင့် အစည်းအဝေး တက်ရောက် ခဲ့သည့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၊ ကိုယ်စားလှယ် အဖွဲ့များနှင့် သတင်း မီဒီယာများ တက်ရောက် ကြသည်။

ရှေးဦးစွာ အစည်းအဝေး သဘာပတိ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Haji Zulkifeli Bin Mohd Zin က အစည်းအဝေး ပြုလုပ်ခဲ့မှု ဆိုင်ရာများ ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက် လာကြသည့် သတင်းမီဒီယာ များ၏ မေးမြန်းချက် များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...