Social Icons

Pages

Friday, January 30, 2015

ရှေးခေတ်လက်ရာများဖြင့် ပြုလုပ်ထားသည့် ကျွန်းဘီရိုများကို လိုက်လံဝယ်ယူသူ များပြားနေ



ရန်ကုန် ၊ ၃၀-၁-၂၀၁၅

မြန်မာ့ လက်မှုပညာ ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် ဈေးကွက်အတွင်း ရှေးဟောင်း ပစ္စည်းဝယ်ယူသူ များက ရှေးခေတ် လက်ရာများဖြင့် ပြုလုပ် ထားသည့် ကျွန်းဘီရို များကို ဈေးကောင်းပေး၍ လိုက်လံ ဝယ်ယူသူ များပြားနေသည့် အပြင် ရှေးဟောင်း ကျွန်းဘီရို များတွင် ဖန်လက်ကိုင် ပါပါက ငွေကျပ်သိန်း ၅ဝ အထက် ဈေးပေးဝယ်ယူ နေကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် များမှ သိရသည်။

ရှေးခေတ် လက်ရာများဖြင့် ပြုလုပ်ထားသည့် ကျွန်းဘီရို များကို လိုက်လံ ဝယ်ယူရာတွင် ပုံစံ အမျိုးအစား၊ အရွယ်အစား နှင့် လက်ရာပေါ်တွင် မူတည်၍ အနိမ့်ဆုံး ငွေကျပ် ၁ဝ သိန်းကျော်မှ ငွေကျပ် သိန်း ၃ဝ အထိ ဈေးပေးဝယ်ယူ နေကြောင်း၊ နှစ်ပေါင်း ရာချီသည့် လက်ရာများ ဖြစ်ပြီး ပစ္စည်း အစုံအလင် ပါရှိပါက ငွေကျပ် သိန်း ၅ဝ နှင့် အထက် ဈေးပေးဝယ်ယူ နေကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က ပြောသည်။

ယခုအခါ ပြည်တွင်း၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက် လာခြင်းကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများ ဖွင့်လှစ်မှုမှာ ပိုမိုများပြား လာပြီး လာရောက် တည်းခိုသည့် ပြည်ပ ခရီးသွား ဧည့်သည် များကို ဆွဲဆောင်ရန် ဟိုတယ် ဧည့်ခန်းများ တွင် ရှေးဟောင်း လက်မှု အနုပညာ ပစ္စည်းများကို ထားရှိ၍ လာရောက် တည်းခိုသည့် ခရီးသွား ဧည့်သည်များ၏ စိတ်အာရုံကို ဆွဲဆောင် ကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...