Social Icons

Pages

Monday, January 19, 2015

ပေကျင်း နိုင်ငံခြားတက္ကသိုလ် ၌ မြန်မာကျောင်းသား ကျောင်းသူမျူား ပညာသင်ကြားနိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၉-၁-၂၀၁၅

မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ပညာသင်ကြား နိုင်ရန် ပညာသင်ဆုများ ပေးသွားရန် ရှိကြောင်း ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဒုတိယဥက္ကဋ္ဌ Dr.Yan Guohua က ပြောသည်။

အဆိုပါ ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ် သည် ရန်ကုန်တက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တို့နှင့် ဇန်နဝါရီ ၁၄ ရက်တွင် ငါးနှစ် သက်တမ်းရှိ MoU ရေးထိုးခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ ဖလှယ်ခြင်း အစီအစဉ် များကို ဆောင်ရွက် ရန်ရှိကြောင်း သိရသည်။

''နှစ်နိုင်ငံ ကျောင်းသား ဖလှယ်တဲ့ကိစ္စ ကို လက်မှတ် ရေးထိုးပြီး မကြာခင် စတင်မှာပါ။ သူ့ သတ်မှတ်ချက် အလိုက် ဆွေးနွေး ဆောင်ရွက်မှုတွေ ပြီးရင် မြန်မာနိုင်ငံက ကျောင်းသားတွေကို နှစ်စဉ် ပညာတော်သင်
ဆုတွေပေးဖို့ ရှိပါတယ်။ ပေကျင်းမှာ လာရောက် သင်ကြားတဲ့ မြန်မာ ကျောင်းသားတွေကို အစစအရာရာ ဘေးကင်း လုံခြုံစွာနဲ့ သင်ကြားနိုင်ဖို့ အတွက် စီစဉ် ထားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ရန်ကုန်တက္ကသိုလ် သည် နိုင်ငံခြား တက္ကသိုလ် များနှင့် လက်မှတ် ရေးထိုးခြင်းတွင် ပေကျင်း တက္ကသိုလ်သည် ၂၁ ခုမြောက် တက္ကသိုလ် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...