Social Icons

Pages

Wednesday, December 10, 2014

ရုရှားနိုင်ငံ Kamaz ကုမ္ပဏီမှ မြန်မာ့ ဈေးကွက်၌ မော်တော်ယာဉ်များ ရောင်းချရန်စီစဉ်နေ


Kamaz ကုန်တင်ယာဉ်

ရန်ကုန် ၊ ၁၀-၁၂-၂၀၁၄

ရုရှားနိုင်ငံ၏ ကုန်တင်ယာဉ် ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် Kamaz ကုမ္ပဏီသည် ၄င်းတို့၏ အိန္ဒိယနိုင်ငံရှိ စက်ရုံမှ ထုတ်လုပ်သည့် Kamaz ကုန်တင်ယာဉ် များကို မြန်မာနိုင်ငံ အတွင်း၌ ရောင်းချသွားရန် စီစဉ် နေကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိ မစ္စတာ Sergey Kogogin က ပြောသည်။

Kamaz ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ မှ မော်တော်ယာဉ် များကို ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာ နိုင်ငံသို့ ယာဉ်များ တင်သွင်း ရောင်းချရာတွင် တောင်ကြီး၊ မြဝတီနှင့် ကလော စသည့်မြို့တို့၌ အဓိက ရောင်းချသွားရန် စီစဉ် ထားကြောင်း သိရသည်။

ယင်း ကုမ္ပဏီသည် အိန္ဒိယနိုင်ငံရှိ စက်ရုံမှ ထုတ်လုပ်သည့် ကုန်တင်ယာဉ်များကို အာဖရိက နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ တို့သို့ တင်သွင်း ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ Kamaz ကုန်တင်ယာဉ် တစ်စီး၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ နှစ်သောင်းမှ သုံးသောင်း အကြားတွင် ရှိပြီး မြန်မာနိုင်ငံသို့ ပထမဆုံး ဝင်ရောက် လာသည့် ရုရှား ကုမ္ပဏီတစ်ခု ဖြစ်လာမည် ဖြစ်သည်။

Kamaz ကုမ္ပဏီသည် အိန္ဒိယနိုင်ငံရှိ မော်တော်ယာဉ် စက်ရုံမှ သုံးနှစ်အတွင်း ယာဉ်အစီးရေ ၈ဝဝဝ မှ ၁ဝဝဝဝ အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး ရုရှားနိုင်ငံ အတွင်း၌ ပေးသည့် ကား ထုတ်လုပ်သည့် အကောင်းဆုံး စံချိန်စံညွှန်းဆု ကို ရရှိထားသည့် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရသည်။ 

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...