Social Icons

Pages

Tuesday, December 9, 2014

နယ်လှည့် ဓာတ်ခွဲစစ်ဆေးယာဉ် များဖြင့် အစားအသောက် နှင့် အလှကုန်ပစ္စည်း များကို စစ်ဆေးမည်


ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ၀က်အူချောင်းများ

ရန်ကုန် ၊ ၉-၁၂-၂၀၁၄

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဈေးများ၌ ရောင်းချလျက် ရှိသော အလှကုန် ပစ္စည်းများနှင့် အစားအသောက် များကို နယ်လှည့် ဓာတ်ခွဲ စစ်ဆေးယာဉ် များဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် ရှောင်တခင် စစ်ဆေး သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ဒုတိယ ညွှန်ကြားရေးမှူး ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ဒေါက်တာ ဇင်ဇင်နွယ် က ပြောသည်။

အဆိုပါ နယ်လှည့် ဓာတ်ခွဲ စစ်ဆေးယာဉ် များဖြင့် စစ်ဆေးခြင်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် တောင်ငူ အစရှိသော မြို့များရှိ ဈေးများ၌ စားသောက်ကုန် နှင့် အလှကုန် ပစ္စည်းများကို လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး လတ်တလော တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် တောင်ငူမြို့ တို့ရှိ ဈေးများ၌ စစ်ဆေးပြီး ဖြစ်၍ နေပြည်တော် နှင့် အခြား ကျန်ရှိနေသော ပြည်နယ်နှင့် တိုင်းဒေသကြီး တို့၌ ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ ရာတွင် ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး နှင့် ငမိုးရိပ် စံပြဈေး တို့၌ ငါးပိနှစ်မျိုး၊ ဝက်အူချောင်း သုံးမျိုးနှင့် အရောင်တင်မှုန့် ငါးမျိုး တို့တွင် ခွင့်မပြုသော ဆိုးဆေး ပါဝင်မှုများ တွေ့ရကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲ စစ်ဆေးယာဉ်များ ဖြင့် နယ်လှည့် စစ်ဆေးခြင်း စီမံချက်ကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက် နိုင်ခြင်း မရှိဘဲ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ဝ ရက်မှ စတင်၍ ပြန်လည် ဆောင်ရွက် နေကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...