Social Icons

Pages

Monday, October 6, 2014

ရွှေတိဂုံနှင့် ပတ်သက်သော ရှေးဟောင်း ရှားပါးဓာတ်ပုံ များကို နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား ကြည့်ရှုလေ့လာ



ရန်ကုန် ၊ ၆-၁၀-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ၌ တည်ထား ကိုးကွယ်သော ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ ရင်ပြင်တော် ပေါ်ရှိ မြောက်ဘက်မုခ် အနီး၌ တည်ရှိသော ရွှေတိဂုံဘုရား ဓာတ်ပုံ ပြတိုက်ကို ပြန်လည် ပြုပြင်မွမ်းမံ ပြီးနောက် ယခုအခါ ပြည်တွင်းမှ ဘုရားဖူး လာကြသူများ နှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကြည့်ရှု လေ့လာ နိုင်စေရန် ဖွင့်လှစ် ပြသထားသည်။

အဆိုပါ ဓာတ်ပုံပြခန်း ကို ပြန်လည် ပြုပြင် မွမ်းမံရာ၌ ပြခန်းအတွင်း - အပြင် ဆေးများ ပြန်သုတ်ခြင်း၊ ပြခန်းအတွင်း ၌ ဓာတ်ပုံများ အား ကောင်းစွာ မြင်နိုင်စေရန် လျှပ်စစ်မီးများ ပြန်လည် သွယ်တန်းခြင်း၊ ဓာတ်ပုံ အသစ်များ ထပ်မံ ထည့်သွင်း ချိတ်ဆွဲခြင်း စသည် တို့ကို လုပ်ဆောင် ခဲ့သည်ဟု သိရသည်။

ထို့အပြင် ရွှေတိဂုံဘုရား နှင့် ပတ်သက်သည့် ရှေးဟောင်း သမိုင်းဝင် ရှားပါး ဓာတ်ပုံများ ကိုလည်း ရှာဖွေ စုဆောင်းပြီးနောက် အသစ် ပြန်လည်ကူးယူ ချိတ်ဆွဲပြသ ထားရာ ပြခန်းသို့ လာရောက် ကြည့်ရှုကြသော ပြည်တွင်းမှ ဘုရားဖူးလာ သူများ သာမက နိုင်ငံခြား သားများ ကလည်း စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာ ကြသည်။

အဆိုပါ ရွှေတိဂုံဘုရား ဓာတ်ပုံပြခန်း တွင် စုစုပေါင်း ဓာတ်ပုံ အရေအတွက် ၂၆ဝ ကျော် ချိတ်ဆွဲ ပြသထားပြီး နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ပိတ်ရက် မရှိ ဖွင့်လှစ်ပြသ ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...