Social Icons

Pages

Saturday, October 25, 2014

ရန်ကုန်မြို့ရှိ အရောင်းဆိုင်များမှ ကုန်ပစ္စည်းများကို မြို့ကြီး ၂၀ ကျော်မှ အွန်လိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် ၀ယ်ယူနိုင်တော့မည်


ရန်ကုန် ၊ ၂၅-၁၀-၂၀၁၄

ရန်ကုန်မြို့တော် ရှိ အရောင်းဆိုင် များမှ ကုန်ပစ္စည်း များကို မြို့ကြီး ၂ဝ ကျော်မှ အွန်လိုင်း စနစ်ဖြင့် အိမ်တိုင် ရာရောက် ဝယ်ယူ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အွန်လိုင်းမှ ဝယ်ယူနိုင်မည့် အစီအစဉ်ကို http://www.kaymu.com.mm/ က စီစဉ်နေခြင်း ဖြစ်ပြီး အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူလိုသည့် ပစ္စည်းများကို ရန်ကုန်မြို့ အပြင် အခြားမြို့ ၂၃ မြို့သို့ အိမ်အရောက် ပို့ဆောင် ပေးမည်ဖြစ်ပြီး ထိုသို့ အိမ်အရောက် ပို့ဆောင်သည့် ဝန်ဆောင်မှု အတွက် ဝန်ဆောင်ခ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

အွန်လိုင်း အသုံးပြုသူများ အနေဖြင့် http://www.kaymu.com.mm/ တွင် ဖက်ရှင်နှင့် ပတ်သက်သော ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများ အစရှိသည် တို့ကို အွန်လိုင်းမှ ဝယ်ယူနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။ အွန်လိုင်း အသုံးပြု သူများ အတွက် ၂၄ နာရီ ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး ဝက်ဘ်ဆိုက် နှင့် Mobile app တို့မှလည်း ဝယ်ယူ နိုင်မည် ဖြစ်သည်။ ဝယ်ယူသူများ အနေဖြင့် မိမိတို့ လက်ဝယ်သို့ မှာယူထားသော ပစ္စည်း ရောက်ရှိမှသာ ငွေပေးချေ ရမည် သည်။

အဆိုပါ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး နောက် ကြည့်ရှုရန် ပစ္စည်း အမျိုးအစားများ အနက် မိမိ နှစ်သက်ရာကို ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ပြီး ပစ္စည်း အမျိုးအစား များတွင် အဝတ်အထည်၊ ဖိနပ်များ၊ လက်ပတ် နာရီများ၊ မိုဘိုင်းဖုန်း နှင့် ဆက်စပ် ပစ္စည်းများ၊ ကွန်ပျူတာများ၊ လျှပ်စစ် ပစ္စည်းများ၊ အိမ်နှင့် ဧည့်ခန်းသုံး ပစ္စည်းများ၊ ကျန်းမာရေး နှင့် အလှအပ၊ ကလေးအသုံး အဆောင် ပစ္စည်းများ၊ စာအုပ်များ နှင့် မီဒီယာ၊ အားကစားသုံး ပစ္စည်းများ စသည်ဖြင့် နှစ်သက်ရာကို ရွေးချယ် နိုင်ရန် ခွဲခြားထားသည် ဟုလည်း သိရသည်။

အိအိအောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...