Social Icons

Pages

Friday, October 24, 2014

ဆူရှီ အစားအသောက် မက်မောသူတစ်ဦး မသန့်သော ငါးစိမ်းများစားမိ၍ တစ်ကိုယ်လုံး တုတ်ပြားသန်ကောင်များ တွေ့ရှိ


သိပ္ပဟန်

ဆူရှီ ဂျပန် စားသောက်ဆိုင် တွင် ငါးအစိမ်း များမှာ ဈေးကြီး လွန်းသည်။ သို့သော် အရသာ ရှိလွန်း၍ မက်မောစွာ စားသုံး ကြသည်။

တစ်ယောက်သော သူမှာ ဆူရှီးမီး ငါးစိမ်းကို ခုံမင် မက်မောစွာ စားသုံးရာမှ သူ့ခန္ဓာကိုယ် တစ်ခုလုံး မနှစ်မြို့ ဖွယ်ရာ တုတ်ပြား သန်ကောင်များ ပြည့်နှက်နေ၍ သေမင်း နှုတ်ခမ်းဝ သို့ ရောက်ခဲ့ ရသည်။ ထိုသူမှာ ဗိုက်နာသည်၊ တစ်ကိုယ်လုံး အသားအရေတွေ ယားယံသည် ဖြစ်ရာ သူကုနေကျ ဆရာဝန်ထံ သွားပြသည်။ ထိုအခါ ဆရာဝန်က သူ့အား Scan ရိုက် စစ်ဆေး ကြည့်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး မသန့်သော ဆူရှီးမီး ငါးစိမ်း အသားလွှာများ အလွန်အကျွံ စားမိ၍ အလွန်ကူးစက် ပြန့်ပွား လွယ်သော တုတ်ပြား သန်ကောင် ( Tapeworm ) များဖြင့် သွေးကြောများ အားလုံး ပြည့်နှက် နေသည်။

သူ စားမိသော ငါးမှာ တုတ်ပြားကောင် ပိုးဥများကို စားမိပြီး ငါးတစ်ကိုယ်လုံး အနှံ့ ကူးစက်ပြန့်ပွား နေသည့်ငါး ဖြစ်သည်။ ယင်းငါးကို ဆူရှီ စားသောက်ဆိုင် မှ ချက်ပြုတ် ကြော်လှော်ခြင်း မပြုဘဲ အသားကို ပါးပါးလွှာ၍ အစိမ်းစား ကောင်းရန် ပြင်ဆင် ပေးသည်။

လူတွင် ကူးစက်သွားသည့် အခါ ရက်သတ္တပတ်များ အတွင်း လူ၏ အူထဲတွင် ၁၅ မီတာ ခန့်ရှည်သော တုတ်ပြား သန်ကောင်ကြီး ဖြစ်သွားသည်။ ထိုအတွင်း ဥများ ဥချကာ လူ့ ကိုယ်ခန္ဓာကိုယ် အတွင်း ပြန့်ပွား ကူးစက် သွားလေသည်။

ရောဂါ လက္ခဏာများမှာ မောပန်းလွယ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်ထဲ မအီမသာ ဖြစ်ခြင်း၊ မခံနိုင်မရပ် နိုင်အောင် မဟုတ်၍ သတိမပြု မိခြင်းကြောင့် ထိုသန်ပိုးများ သည် လူ၏ အသည်း၊ မျက်လုံး၊ နှလုံး သို့မဟုတ် ဦးနှောက် တို့ကို စားသုံးခြင်း ကြောင့် လူ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက် လာသည်။ ထိုလူသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဂွမ်ဒေါင်း ပြည်နယ် ဂွမ်ဇုမြို့ အမှတ် (၈) ပြည်သူ့ ဆေးရုံတွင် တက်ရောက်၍ ကုသမှု ခံယူနေ ရသည်။

သုတေသန ပြုချက်အရ သိရှိရသည်မှာ နူးအောင်၊ ကျက်အောင် မချက်မပြုတ်သော ငါးများ၊ ငါးအစိမ်းများ စားခြင်းသည် ကပ်ပါးပိုးများ ကူးစက် ခံရတတ်ကြောင်း သိရသည်။ ဆော်လမွန် ငါးများ၊ ရေချို ငါးများကို အစိမ်းဟင်းရည်တွင် နှပ်ထားသည် ဖြစ်စေ၊ ကျပ်တင် ထားသည် ဖြစ်စေ သန်ပိုးများ ကူးစက်နိုင်သည် ဟု သိရသည်။

ဤရောဂါသည် ဆင်းရဲသော၊ ကျန်းမာ သန့်ရှင်းမှု အားနည်းသော နိုင်ငံများ နှင့် တိုးတက်သော နိုင်ငံများတွင် အဖြစ်များ သည်ဟု သိရသည်။ ဆူရှီ ဂျပန် စားသောက်ဆိုင်များ နေရာတကာ ပေါ်လာခြင်း ကြောင့်လည်း အဖြစ်များ လာခြင်း ဖြစ်သည်ဟု ဆရာဝန်များ က ကနေဒီယံ မိသားစု ဆရာဝန်များ (Canadian Family Physician) ဂျာနယ်တွင် ရေးသား ထားသည်ဟု သိရသည်။

လေ့လာ ရေးသားသူ နန်စီကရိတ် က ဤ ဂျပန်ဆူရှီ နှင့် ငါးစိမ်း အသားလွှာ ဆူရှီးမီး စားသောက်ဆိုင် များ ပေါများ လာခြင်းသည် ဤရောဂါ ဖြန့်ဖြူးရေး ပိုများလာ ခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု ဖော်ပြ ထားသည်။ အခြား နာမည်ကျော် အစားအသောက် များဖြစ် သည့် ဘောလတစ် နှင့် စကန်ဒီနေးဗီးယန်း နိုင်ငံများမှ ဆားရည်စိမ် ငါးစိမ်းများ၊ ဟင်းရည်တွင် နှစ်၍ နှပ်ထားသော သားငါး အစိမ်းများ၊ အီတလီမှ အလွန် ပါးလွှာသော ဆော်လမွန် ငါးစိမ်းများလည်း ထိုနည်းတူ ကပ်ပါး ရောဂါပိုး ကူးစက်ခံ ရနိုင်၍ ဦးနှောက်သို့ ရောက်သွား ပါက အသက်သေ နိုင်ကြောင်း သတိပြုဖွယ ရေးသား လိုက်ရ ပေသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...