Social Icons

Pages

Thursday, October 2, 2014

စာအုပ်ထုတ်ဝေသူ များပြားလာသော်လည်း စာဖတ်သူ လျော့နည်းလာသည့် စာအုပ်ဈေးကွက်



ရန်ကုန် ၊ ၂-၁၀-၂၀၁၄

လက်ရှိ စာအုပ်ဈေးကွက် တွင် စာဖတ်သူ လျော့နည်း လာပြီး စာအုပ်ဖြန့်ချိမှု အခက်အခဲ နှင့် ဈေးနှုန်း မြင့်တက်မှု များကြောင့် စာအုပ် ရောင်းအား ကျဆင်း လာကြောင်း စာအုပ် ထုတ်ဝေသူများ ထံမှ သိရသည်။

''ကျွန်တော်တို့ ဘက်က အားနည်း တာလည်း ပါတာပေါ့။ ကျွန်တော်တို့ စာအုပ် ဖြန့်ချိရေး ဆိုတာ ထုတ်မယ်သာ ပြောတာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ပျံ့နှံ့မှု မရှိဘူး။ ဖြန့်ချိရေး စနစ် အားနည်းတယ် ဆိုတာ စာအုပ်ဆိုင် နဲ့ ထုတ်ဝေသူ ကြားမှာရှိတဲ့ အချို့ ငွေပေး၊ ငွေယူ ကိစ္စ တွေလည်း ရှိတယ်။ တကယ်တမ်း တော့ ကျွန်တော်တို့ အနေနဲ့ ဖြန့်ချိမှုကို နိုင်နိုင် နင်းနင်း လုပ်နိုင်မယ် ဆိုရင် စာအုပ်ဈေးကွက် အခြေအနေရော စာဖတ်အားပါ တက်လာမယ် ... '' ဟု ယဉ်မျိုးစာပေမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စာပေစိစစ်ရေး မရှိတော့သည့် နောက်ပိုင်း စာအုပ်များကို ထုတ်ဝေ ရာတွင် ယခင်ကထက် လွတ်လပ်စွာ ထုတ်လုပ်ခွင့် ရရှိလာသည့် အတွက် နိုင်ငံရေး အတ္ထုပ္ပတ္တိ သမိုင်း၊ ရှားပါး စာအုပ်များ အမြောက်အမြား ပေါ်ထွက် လာသော်လည်း လူငယ်များ၏ စာဖတ်အားမှာ ကျဆင်းလျက် ရှိသည်။

''အခု နောက်ပိုင်း လူငယ်တွေ က အီးမေးလ်၊ အင်တာနက် ပေါ်မှာ ရေးကြ၊ ဖတ်ကြတာ ပိုများလာ တယ်။ အဲဒီလို ပိုများ လာပေမယ့် တကယ် ကဏ္ဍစုံကို ဖတ်ရှု နိုင်ဖို့က စာအုပ်တွေ ထဲမှာပဲ ရှိတယ်။ လူငယ်တွေ အနေနဲ့ အင်တာနက် နဲ့ စာအုပ် ဖတ်ခြင်း အလေ့အကျင့် ကိုလည်း တစ်ဖက် တစ်လမ်းကနေ ဖတ်ကြည့် စေချင် ပါတယ် .. '' ဟု စာရေးဆရာ ကိုအောင်ထွန်း က ပြောသည်။

မြန်မာနိုင်ငံ စာအုပ်ဈေးကွက် အတွင်း၌ ပြီးခဲ့သည့် နှစ်က အမြင့်ဆုံး ရောင်းအား ရှိသည့် စာအုပ်မှာ အုပ်ရေ ၁ဝဝဝဝ အထိ ရှိခဲ့ပြီး ယခုနှစ် တွင် အမြင့်ဆုံး ရောင်းအား ရှိသည့် စာအုပ်မှာ အုပ်ရေ ၅ဝဝဝ ခန့်သာ ရှိတော့ကြောင်း မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများ အသင်းမှ သိရသည်။

မြတ်လေးငုံ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...