Social Icons

Pages

Tuesday, September 2, 2014

တရုတ်သင်္ဘောသားများ နေရာယူ လာမှုကြောင့် မြန်မာ သင်္ဘောသားများ အလုပ်အကိုင် ရရှိမှု အခြေအနေ နည်းပါးလာ


ရန်ကုန် ၊ ၂-၉-၂၀၁၄

တရုတ် သင်္ဘောသားများ ကမ္ဘာ့ သင်္ဘောသား ဈေးကွက် အတွင်း ဈေးပေါပေါ ဖြင့် ဝင်ရောက် နေရာယူ လာမှုကြောင့် မြန်မာ သင်္ဘောသား များမှာ ကမ္ဘာ့ သင်္ဘောသား ဈေးကွက် အတွင်း ဈေးကွက် ရရှိမှု အခြေအနေ တဖြည်းဖြည်း နည်းလာကြောင်း ဝါရင့် မြန်မာ သင်္ဘောသား များထံမှ သိရသည်။

''တရုတ်နိုင်ငံ မှာ သင်္ဘောသား တွေက အသက် ငယ်ငယ်နဲ့ အရာရှိ ဖြစ်တယ်။ သင်္ဘောသား အများကြီးလည်း ဖြစ်အောင် မွေးတယ်။ သူ့နိုင်ငံရဲ့ အလုပ် ရှားပါးမှု ပြဿနာ ကို ဒီနည်းလမ်း နဲ့ ဖြေရှင်း နိုင်အောင် ကြိုးစားတယ်။ မြန်မာနိုင်ငံ မှာတော့ သင်္ဘောသား တွေ အရာရှိ ဖြစ်ဖို့ လွယ်လွယ် ကူကူနဲ့ မဖြစ်နိုင်ဘူး။ ကြာတော့ ဘာဖြစ်လဲ ဆိုတော့ မြန်မာ သင်္ဘောသား တွေ ဈေးကွက် ပျက်လာတယ်။ တရုတ် နိုင်ငံက သူတို့ နိုင်ငံမှာ ကုန်တင်တဲ့ သင်္ဘောလိုင်း တွေဆိုရင် သူ့နိုင်ငံရဲ့ သင်္ဘောသား ကို မဖြစ်မနေ အလုပ်ပေး ခိုင်းပါတယ်'' ဟု မာလိန်မှူး ကိုစိုးလင်း က ပြောသည်။

ယခင်က ကမ္ဘာ့ သင်္ဘောသား ဈေးကွက် တွင် လုပ်အားခ အများဆုံး ရပြီး အတော်ဆုံး သင်္ဘောသား များ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံမှ ပထမ နေရာ၌ ရှိနေပြီး မြန်မာ သင်္ဘောသား များမှာ ဒုတိယ နေရာ၌ ရှိကာ တရုတ် သင်္ဘောသား များမှာ တတိယ နေရာ၌ သာ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် တရုတ် သင်္ဘောသား များသည် ဖိလစ်ပိုင် နှင့် မြန်မာ သင်္ဘောသား များ သင်္ဘောသား ဈေးကွက်တွင် အမေရိကန် ဒေါ်လာ ၁ဝဝဝ ခန့် ရရှိမှသာ လုပ်ကိုင်မည့် အလုပ်မျိုးကို တရုတ် သင်္ဘောသား များက အမေရိကန် ဒေါ်လာ ၃ဝဝ၊ ၄ဝဝ ခန့်ဖြင့် ဝင်ရောက် လုပ်ကိုင်မှုများ ရှိလာ သောကြောင့် သင်္ဘော ပိုင်ရှင် များကလည်း တရုတ် သင်္ဘောသား များကို သဘောကျ၍ နေရာ ပေးမှုကြောင့် တရုတ် သင်္ဘောသားများ ဈေးကွက် ရရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

အနာဂတ်တွင် မြန်မာ သင်္ဘောသားများ တရုတ် သင်္ဘောသား များ ဈေးကွက်ကို မယှဉ် နိုင်ပါက မြန်မာ သင်္ဘောသားများ သင်္ဘောများ ပေါ်တွင် အလုပ်ရရန် ခက်ခဲ လာမည် ဖြစ်ကြောင်း သိရသည်။ 

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...