Social Icons

Pages

Monday, September 1, 2014

အာဆီယံ - တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲတွင် သရဖူ ဆွတ်ခူးခဲ့သော မြန်မာအလှမယ် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


ရန်ကုန် ၊ ၁-၉-၂၀၁၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ တာလန်မြို့ တွင် (၁၀) ကြိမ်မြောက် အာဆီယံ - တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင် ခဲ့သော မြန်မာ အလှမယ် နှစ်ဦးတွင် အိန္ဒြာသီရိကို သည် 10th China Asean Image Pageant Winner ပြိုင်ပွဲ၏ အဓိက သရဖူ ဆုကြီးအား ဆွတ်ခူး ရရှိကာ ယမန်နေ့ ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်တွင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အလှမယ် ၂၀ ကျော် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြရာ မြန်မာနိုင်ငံ အနေဖြင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ၏ စီမံ ဆောင်ရွက်မှုဖြင့် အလှမယ် နှစ်ဦး ၀င်ရောက် ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် အားကစား ၀တ်စုံ ၊ ရိုးရာ ယဉ်ကျေးမှု ၀တ်စုံ ၊ ညနေခင်း ပွဲတက် ၀တ်စုံ ၊ နိုင်ငံအလိုက် ရိုးရာဓလေ့များ ယှဉ်ပြိုင် ရကြောင်း သိရသည်။

ထို ပြိုင်ပွဲတွင် မြန်မာ အလှမယ် အိန္ဒြာသီရိကို က ဆီမီးခွက် အကဖြင့် ကပြ ယှဉ်ပြိုင်ကာ ပြိုင်ပွဲ၏ အဓိက သရဖူဆုကြီး ဖြစ်သော 10th China Asean Image Pageant Winner ဆုအား ဆွတ်ခူး ရရှိခဲ့သည်။ ဒုတိယ အလှမယ် ချောစုလင်းဖြူသန့် က သင်္ကြန်ယိမ်း အကဖြင့် ကပြ ယှဉ်ပြိုင်ကာ International Freeinship Award ဆုအား ဆွတ်ခူး နိုင်ခဲ့ကြောင်း Myanmar Tourism Service Co., Ltd မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အလှမယ် အိန္ဒြာသီရိကို နှင့် ချောစုလင်းဖြူသန့် တို့သည် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ တွင် Miss 27th Sea Game Myanmar ဆုနှင့် 1st Runner Up ဆုရရှိ ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ မှ သုံးကြိမ်မြောက် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရှိရသည်။ 

( မောင်မျိုး- ဧရာဝတီ )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...