Social Icons

Pages

Friday, August 29, 2014

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်


 ရွှေတိဂုံ စေတီတော် မြတ်ကြီး

ရန်ကုန် ၊ ၂၉-၈-၂၀၁၄

ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော် မြတ်ကြီးအား လေးနှစ် တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်လေ့ ရှိရာ ယခု တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း လုပ်ငန်းများကို စက်တင်ဘာလ မှစတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ ရှိခဲ့ပြီး ရွှေတိဂုံ စေတီတော် မြတ်ကြီးမှာ ဆိုးရွားသော မိုးလေ ရာသီဥတု ဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသည့် အတွက် ယခု တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ရာတွင် ရွှေပြားများ အများအပြား အသုံးပြု ရမည်ဖြစ်ရာ ရွှေတစ်ကျပ်သား အလေးချိန်ရှိ တစ်ပေ ပတ်လည် ရွှေပြား အရေအတွက် စုစုပေါင်း ၇ဝဝဝ ကျော် အသုံးပြု ရမည်ဟု ခန့်မှန်းထား ကြောင်း၊ ထိုသို့ ကပ်လှူ ပူဇော်ရာတွင် စေတီတော်ကြီး လုံးတော်ရှိ ရွှေပြား ၃၇ဝဝ နီးပါး၊ ပန်းဆွဲကြီး ၁၆ ခုတွင် ရွှေပြား ၂၁ဝဝ ကျော်နှင့် အခြားသော နေရာများ မှ ပျက်စီးမှု များကို အစားထိုး ပြုပြင်ရန် ရွှေပြား ၁၂ဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီ ဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရွှေသင်္ကန်း ကပ်လှူရာတွင် အသုံးပြု ရမည့် ရွှေပြားများ အတွက် အလှူရှင်များ ထံမှ ရရှိ ထားသော ငွေကြေး များဖြင့် လိုအပ်သည့် ရွှေပြား များနှင့် ပစ္စည်းများကို ဝယ်ယူ သုံးစွဲ သွားမည် ဖြစ်ကြောင်း၊ ရွှေတိဂုံ စေတီတော် မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန် အတွက် ငြမ်းဆင်ခြင်း လုပ်ငန်း ကို စက်တင်ဘာလ လယ်ပိုင်းတွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...