Social Icons

Pages

Friday, June 27, 2014

စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခွင့်ရရန် တင်ပြရသည့် ထောက်ခံချက်အချို့ကို သက်ဆိုင်ရာမှ ဖြေလျှော့ပေး



ရန်ကုန် ၊ ၂၇-၆-၂၀၁၄

ပြည်တွင်း၌ စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ် လုပ်ကိုင်ခွင့် လျှောက်ထားခြင်း ၊ စက်သုံးဆီ သိုလှောင်ကန်များ ဆောက်လုပ်ခွင့် လျှောက်ထားခြင်း လုပ်ဆောင်ရာတွင် လုပ်ကိုင် ဆောင်ရွက် ကြမည့် လုပ်ငန်းရှင်များ အဆင်ပြေ စေရန်အတွက် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရသည့် ထောက်ခံချက် အချို့ကို ဖြေလျှော့ ပေးလိုက်ကြောင်း စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းချရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ဖြေလျှော့ ပေးလိုက်သော ထောက်ခံချက် အချို့သည် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အတွက် အခက်အခဲ ဖြစ်စေနိုင်သည့် အတွက် သက်ဆိုင်ရာမှ ယခုကဲ့သို့ ဖြေလျှော့ ပေးရခြင်း ဖြစ်သည်။ ယင်း အချက်အလက် များထဲတွင် ၀ယ်ယူ အသုံးပြုမည့် စက်သုံးဆီ ကုမ္ပဏီ၏ ထောက်ခံချက် ၊ မြေ ပိုင်ဆိုင်ကြောင်း ထောက်ခံချက် ၊ ဆိုင်ဖွင့်မည့် နေရာ နှင့် အနီး ပတ်ဝန်းကျင် တွင် နေထိုင် သူများ၏ ထောက်ခံချက် စသည့် အချက်အလက်များ ပါဝင်သည်။

ထို့အပြင် စက်သုံးဆီ အရောင်းဆိုင် တရားဝင် ဖွင့်လှစ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ ထောက်ခံချက်များ ရရှိစေရန် လိုက်လံ ဆောင်ရွက်ရာတွင် အချိန် ကြန့်ကြာမှု ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင် များအတွက် စက်သုံးဆီများ ကို ပြန်လည် ၀ယ်ယူ ဖြည့်တင်း ရာတွင်လည်း လွတ်လပ်စွာ ၀ယ်ယူနိုင်ခြင်း မရှိဘဲ ကန့်သတ်ထားသည့် သဘောမျိုး သက်ရောက် နေသည့် အတွက် စွမ်းအင် ၀န်ကြီးဌာန မှ ဖြေလျှော့ ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင် နိုင်ငံတစ်ဝန်း လုံး၌ တရားဝင် ဖွင့်လှစ် လုပ်ကိုင် ခွင့်ပြုထားသော စက်သုံးဆီ အရောင်းဆိုင် ပေါင်း ၁၂၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...