Social Icons

Pages

Sunday, March 9, 2014

မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ကာကီရောင် ဘေးလွယ်အိတ်တစ်လုံး သိမ်းဆည်း ရမိနေရာအား တွေ့ရစဉ်

သိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်
နေပြည်တော် ၊ ၉-၃-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ ကျောက်မဲမြို့ ရှိ နန္ဒမာလာ ပန်းခြံဘေး ခြံစည်းရိုး အနီး မတ်လ ၆ ရက် နံနက် ၇ နာရီခွဲခန့် တွင် သန့်ရှင်းရေး ဆောင်ရွက်စဉ် မသင်္ကာ ဖွယ်ရာ ကာကီရောင် ဘေးလွယ်အိတ် တစ်လုံးကို တွေ့ရှိသဖြင့် တာဝန်ရှိ သူများထံ သို့ သတင်းပို့ ခဲ့ပြီး တာဝန်ရှိ သူများက ရှင်းလင်း ဆောင်ရွက်ရာ အဆိုပါ လွယ်အိတ် အတွင်းမှ အလျား ၆ လက်မ ၊ အနံ ၄ လက်မ အရွယ်ရှိ အစိမ်းရောင် ရှေ့ထွက်မိုင်း တစ်လုံး ကို စနစ်တံ တစ်ချောင်းပါ ဓာတ်ခဲ ဆားကစ်ပြား တွဲလျက် တွေ့ရှိ ရသဖြင့် စနစ်တကျ ရှင်းလင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်း ရမိသော မိုင်းနှင့် ဆက်စပ် ပစ္စည်း များကို စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းသို့ စနစ်တကျ လွှဲပြောင်း၍ လုပ်ထုံး လုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...