Social Icons

Pages

Monday, November 18, 2013

Hyundai ကားကုမ္ပဏီက နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် မြို့ကြီး ၁၄ မြို့တွင် အရောင်းပြခန်း များ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ


ရန်ကုန် ၊ ၁၈-၁၁-၂၀၁၃

ကိုရီးယား နိုင်ငံမှ ကမ္ဘာကျော် ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Hyundia မော်တော်ကား ကုမ္ပဏီက ၂၀၁၈ ခုနှစ် မတိုင်မီ ပြည်တွင်း ဈေးကွက်၏ ၁၅ ရာခိုင်နှုန်း ရရှိလာမည် ဟု ခန့်မှန်းထားပြီး အဆိုပါကား ကုမ္ပဏီက ရန်ကုန် ၊နေပြည်တော် ၊ မန္တလေး အပါအ၀င် မြို့ကြီး ၁၄ မြို့တွင် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် နေကြောင်း လည်း သိရသည်။

ဂျပန်ကားများ က လွှမ်းမိုးထားသော မြန်မာ ကားဈေးကွက် မှ ဈေးကွက် ဝေစု ရရှိရန် ကိုရီးယား ဟွန်ဒိုင်း မော်တော်ကား ကုမ္ပဏီ ထိုးဖောက် ရှာဖွေ ကြိုးစားခြင်း လည်းဖြစ်ပြီး ကိုရီးယား ကုမ္ပဏီ များ၏ စစ်တမ်းအရ မြန်မာနိုင်ငံ တွင် ခရီးသည်တင် ယာဉ် ယခုနှစ် အတွင်း ၃၃၁၄၆၈ စီးအထိ မှတ်ပုံတင် သောကြောင့် ယခင် နှစ်ထက် ၂၄ ရာခိုင်နှုန်း အထိ မြင့်တက် လာကြောင်း နှင့် လူဦးရေ ၁၀၀၀ တွင် ခြောက်ဦး ကားပိုင်ဆိုင် ကြောင်း သိရသည်။

သို့သော်လည်း မော်တော်ယာဉ် အများစုမှာ ဂျပန်နိုင်ငံ ထုတ်ယာဉ်များ ဖြစ်ပြီး ဂျပန်နိုင်ငံ သည် အရှေ့တောင် အာရှ ကားဈေးကွက် တွင် ဝေစုအများဆုံး ရထားသည်။ ကိုရီးယား ကားကုမ္ပဏီများ ကဲ့သို့ပင် Nissan နှင့် Ford မော်တော်ယာဉ် ကုမ္ပဏီ များသည်လည်း မြန်မာ့ ဈေးကွက်တွင် ခြေကုပ် ယူနိုင်ရေး အပြိုင် ကြိုးပမ်း နေကြောင်း သိရသည်။


ဟွန်ဒိုင်း ကိုရီးယား ကားကုမ္ပဏီ သည် အိမ်နီးချင်း လာအိုနိုင်ငံ တွင် Hyundai , Kia မော်တော်ယာဉ် နှင့် တရုတ်နိုင်ငံ ထုတ် Cherry မော်တော်ယာဉ် များ ၊ ယာဉ်အပို ပစ္စည်းများ တင်သွင်းလျက် ရှိပြီး ၄င်းနိုင်ငံ ၏ မော်တော်ကား တင်သွင်းမှု ဈေးကွက် ၃၇ ရာခိုင်နှုန်း ကို ထိန်းချုပ် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...