နားလည်တတ်ကျွမ်းထားသော အသိပညာ နှင့်
အတတ်ပညာ တို့ကို မှန်ကန်စွာ အသုံးချ
အယ်ဒီတာ့အာဘော်
( ၁၃-၁၁-၂၀၁၃ )
လူ့ဘဝတွင် မိမိကိုယ် မိမိ အသုံးတည့်သူ
ဖြစ်အောင် နေထိုင်ပြုမူ ပြောဆို တတ်ကြဖို့ အရေးကြီးသည်။ မိမိ နားလည် တတ်ကျွမ်း ထားသော
အသိပညာ ၊ အတတ်ပညာ တို့ကို အသုံးချ တတ်ဖို့နှင့် အသုံးချ မှန်ကန်မှုရှိဖို့ အထူး အလေးထား
ကြရသ်ည။ အသုံး မချတတ် ပါက မိမိဘက်မှ အောက်ဈေးနှင့် အရှုံးပေး ရမည့် အခြေအနေမျိုး နှင့်
ကြုံတွေ့ ရတတ်သည်။ ထိုအခါ ရုပ်သေးပမာ ကြိုးဆွဲသလို ကနေရသည့် သက်မဲ့ သရုပ်ဆောင် ဘ၀ဖြင့်
လှုပ်ရှား နေရသော မိမိကိုယ် မိမိ မကျေနပ် ဖြစ်ရာမှ ပတ်ဝန်းကျင်ကို အကောင်း မြင်သည့်
သဘောထား မရှိနိုင် တော့သည် အထိ ဖြစ်သွား တတ်သည်။ တန်ဖိုးရှိသော ဘဝနှင့် အချိန်တို့ကို
အလကား အချည်းနှီး ဖြစ်သွားအောင် သတိရှိကြ ရမည် ဖြစ်သည်။ အချိန်ဖြုန်း သည့် နေရာများ
နှင့် အလုပ် မဖြစ်သော အာရုံများကို မနှစ်သက် မိစေဖို့ စိတ်ကူးယဉ် ဆန်သော အလုပ်များကို
ရှောင်ရှား ကြရမည် ဖြစ်သည်။ ဆန္ဒနှင့် ဘ၀ တစ်ထပ် တည်း မကျနိုင် သော်လည်း သဟဇာတ ဖြစ်အောင်
လိုက်လျောညီထွေ ရှိစေရန် ဆင်ခြင်တုံ တရား ရှိကြရ ပေမည်။ ဘဝပုံရိပ် ပေါ်တွင် မှီခို နေရသော
မိမိ၏ လှုပ်ရှားမှု တိုင်းသည် ဂုဏ်ရိပ်များ ဖြစ်အောင် ကြိုးစား ကြရမည် ဖြစ်သည်။ ဘ၀အတွက်
တိကျသော ရည်ရွယ်ချက် မရှိဘဲ ဘ၀ တစ်လျှောက်လုံး အစီအစဉ်မဲ့ မျောပါ နေခြင်းသည် တန်ဖိုးရှိသော
ဘဝနှင့် အချိန်တို့ကို ဖြုန်းတီးပစ် ခြင်းပင်ဖြစ်ရာ ဘဝ အောင်မြင်ရေး အတွက် အထောက်အပံ့
မဖြစ်နိုင်ကြောင်း သတိရှိ ကြရမည် ဖြစ်သည်။
ရှေးက ရှိခဲ့ဖူးသော သာဓက တစ်ခုမှာ တောင်ငူဘုရင်
ဇေယျသီရိ လက်ထက်တွင် ကဲဘ ဆိုသော သူဆင်းရဲ တစ်ယောက်သည် ကြံမိကြံရာ ကြံလေသည်မှာ ပိုးရွှေကောင်
၏ အတောင်များကို အင်္ကျီ တစ်ဝတ်စာ ပြည့်အောင် စုဆောင်း ချုပ်လုပ်၍ ထိုပြောင်လက် သောအင်္ကျီကို
ဝတ်ကာ ဦးခေါင်းတွင် မကိုဋ်သရဖူ တပ်ဆင်လျက် သိကြားမင်း ယောင်ဆောင် လိုက်သည်။ ညနေမိုးချုပ်
နေ၀င်ရီ တရောတွင် မြတ်စော ညီနောင် ဘုရား၌ တောင်ငူမင်း ဆရာတော် ဝတ်ပြုရာ နေရာသို့ သွားပြီး
ဆရာတော် မြင်ရုံ တစ်ခဏ ရပ်၍ သွားသည်။ သုံးလေးရက် ကြာသော ဆရာတော်က " ဒကာ အသင် ဘယ်သူနည်း
၊ အဘယ်ကြောင့် လာသနည်း .. " ဟု မေး၏။ အဖြေမှာ " ကျွန်ုပ် သိကြားမင်း ဖြစ်သည်
၊ တောင်ငူတွင် ကဲဘ ဆိုသူ အလွန် ဆင်းရဲ နေသည်ကို တောင်ငူမင်း က မကြည့် မရှု နေပါသဖြင့်
ဆရာတော် ကို ဆိုမည် လာခဲ့ပါသည် ... " ဟူ၍ ဖြစ်သည်။
ဆရာတော် က တောင်ငူမင်း အား အကြောင်းစုံ
ပြောပြ လေသော် မင်းကြီးသည် ကဘဲ ဆိုသူကို ခေါ်၍ " နင်သည် ငါ့ ဆရာတော် ဘုရားဝတ်ပြု
နေသည်ကို အဘယ်ကြောင့် သိကြား ယောင်ဆောင်၍ လှည့်စား သနည်း .. '' ဟု တိုက်ရိုက် မေးသည်။
ကဲဘ လည်း မကွယ်သာပြီ ဖြစ်၍ '' ကျွန်တော် ဆင်းရဲ လှသောကြောင့် ကိုးကွယ်ရာ မရှိ၍ ကြံမိပါသည်
.. '' ဟု ၀န်ခံ ရလေသည်။
ထို့ကြောင့် လူ့ဘဝတွင် မပြည့်မစုံ ချို့တဲ့သော
ဘဝ၌ ရောက်နေ သဖြင့် အဆင်မပြေမှု များနှင့် ကြုံတွေ့ နေရပြီး လောကအကျိုး သယ်ပိုး နိုင်သော
အစွမ်းအစ မရှိသည့် အခြေအနေ သို့ ရောက်နေ သည့်တိုင်အောင် ထိုအကြောင်း တရားများ ပေါ်တွင်
ထပ်ဆင့်၍ ဘဝအတွက် ပိုမို ရှုပ်ထွေး စေသော အပြုအမူ ၊ အပြောအဆို ၊ အကြံအစည် များ ရှောင်ရှား
ကြရမည် ဖြစ်သည်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၏ အထောက် အပံ့ဖြင့် ဘဝ အောင်မြင်ရေး လမ်းကြောင်းပေါ်
ရောက်ရှိ လာသော်ငြား မိမိ ကိုယ်တိုင် ကြိုးပမ်း အားထုတ်မှု ရှိဖို့ လိုအပ်သည်။
သို့ဖြစ်၍ မိမိတို့ ဘဝတွင် အရှုပ်အထွေး
ထဲမှာသာ ပျော်ပိုက်၍ အရှုံးနှင့် ရင်မဆိုင် ရလေအောင် တိကျသော ရည်ရွယ်ချက် ထားရှိကာ မိမိ
နားလည် တတ်ကျွမ်း ထားသော အသိပညာ ၊ အတတ်ပညာ တို့ကို မှန်ကန်စွာ အသုံးချပြီး ဘ၀ အောင်မြင်ရေး
ပန်းတိုင် ဆီသို့ အရောက်လှမ်း ကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက် ရပါသည်။ ။

No comments:
Post a Comment