Social Icons

Pages

Friday, November 29, 2013

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မြှင့်တင်ရေး ပညာပေးပြပွဲ အထိမ်းအမှတ် စာစီစာကုံး ၊ ဆောင်းပါ ၊ ကဗျာ နှင့် ကာတွန်းပြိုင်ပွဲ ဆုရသူများ ထုတ်ပြန်



မန္တလေး ၊ ၂၉-၁၁-၂၀၁၃

မန္တလေးမြို့တွင် ပထမဆုံး အကြိမ် အဖြစ် ပြုလုပ်မည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မြှင့်တင်ရေး ပညာပေး ပြပွဲကြီး အထိမ်းအမှတ် အဖြစ် ပြလုပ်သည့် စာစီစာကုံး ၊ ဆောင်းပါး ၊ ကဗျာ နှင့် ကာတွန်း ပြိုင်ပွဲတွင် ဆုရသူများ ကို ယင်းပြိုင်ပွဲ ကာလအတွင်း ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

အထက်တန်း စာစီစာကုံး ပြိုင်ပွဲတွင် အထက(၂၁)မှ မသဲဝင့်နွယ် ၊ အလယ်တန်း စာစီစာကုံး ပြိုင်ပွဲတွင် အထက(၇)မှ မမေသင်းကြိုင် တို့က ပထမဆု ရရှိခဲ့သကဲ့သို့ ဆောင်းပါး ပြိုင်ပွဲတွင် ပန်းသက်လယ် (ဒေါ်အမာဆွေ) ၊ ကဗျာ ပြိုင်ပွဲတွင် အောင်ခန့်စိုး ( ပခုက္ကူ ) နှင့် ကာတွန်း ပြိုင်ပွဲတွင် ကာတန်း ဆရာ ရှုပ်ရှုပ် မှ ပထမဆုများ ရရှိခဲ့ကြောင်း သိရသည်။

လူအများစုသည် ယာဉ်များ စည်းကမ်း မရှိသည်ကို သာ ထောက်ပြ ပြောဆို နေသော်လည်း ၄င်းတို့ ကိုယ်တိုင် လမ်းစည်းကမ်း လိုက်နာမှု တွင်မေ့လျော့ ပေါ့ဆ နေမှုများ ပေါ်တွင် ထိထိ ရောက်ရောက် အရေးယူ မရှိသည်ကို ထောာက်ပြ ပြောလိုသည့် အတွက် ယခုကဲ့သို့ ကာတွန်းရေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း ၊ လမ်းတိုးချဲ့မှု ထက်စာလျှင် တိုးပွား လာသော ယာဉ် အစီးရေက ပိုမို များပြား လာသည့် အတွက် ယာဉ်စည်းကမ်း လိုက်နာ လိုသော်လည်း ထိထိ ရောက်ရောက် မလိုက်နာ နိုင်သည့် ဖြစ်ရပ်များ လည်း ရှိကြောင်း ယင်း ပြိုင်ပွဲ ပထမဆုရ ကာတွန်း ဆရာ ရှုပ်ရှုပ် က ၄င်း ပြိုင်ပွဲဝင် ခဲ့သည့် ကာတွန်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...