Social Icons

Pages

Wednesday, October 23, 2013

ပညာအရည်အသွေး နှင့် စီမံခန့်ခွဲမှု ကဏ္ဍ ဆင့်ပွား ရက်တို သင်တန်းဖွင့်လှစ်



ကျိုင်းတုံ ၊ ၂၃-၁ဝ-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း ၊ သံလွင် ခန်းမဆောင် ၌ ယမန်နေ့ နံနက် ၉ နာရီက ပညာရေး ဝန်ကြီးဌာန နှင့် ယူနီဆက်တို့ ပူးပေါင်း ဆောင်ရွက်သည့် အခြေခံပညာ နှင့် ကျား/မ ခွင့်တူ ညီမျှရေး အစီအစဉ် အရ ပြုလုပ်သော အခြေခံပညာ ဆရာ/ဆရာမ များ ပညာ အရည်အသွေး နှင့် စီမံခန့်ခွဲမှု ကဏ္ဍ ဆင့်ပွား ရက်တိုသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တွဲဖက် ပြည်နယ် ပညာရေးမှူးရုံး (ခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့် ၊ ခရိုင် ပညာရေးမှူး ဦးခင်ကျော်ဝင်း ၊ မြို့နယ် ပညာရေးမှူး ဒေါ်ဟန်စိန် နှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများ ၊ သင်တန်းသား ဆရာ/ဆရာမ များ စုစုပေါင်း ၃ဝဝ ဦးခန့် တက်ရောက် ခဲ့သည်။

ရှေးဦးစွာ တွဲဖက် ပြည်နယ် ပညာရေးမှူးရုံး (ခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး က အဖွင့် အမှာစကား ပြောကြား သည်။ ထို့နောက် ခရိုင် ပညာရေးမှူးက သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး နောက်  မြို့နယ် ပညာရေးမှူး က သင်တန်း စည်းကမ်းများအား ရှင်းလင်း ပြောကြား ခဲ့သည်။


အဆိုပါ သင်တန်းသည် သင်ယူမှု ဖြစ်ထွန်းစေသော ပတ်ဝန်းကျင် နှင့် ထိရောက်သော သင်ကြား သင်ယူမှု အလေ့အထများ ဖြစ်ထွန်းစေရေး အတွက် ဆရာ/ဆရာမ များ၏ စွမ်းဆောင်ရည် ကို မြှင့်တင် ပေးရန် ကျောင်းအခြေပြု နှင့် ကျောင်းအုပ်စု အခြေပြု ဆရာ အတတ်ပညာ တိုးတက်ရေး ကို လမ်းညွှန် ကူညီရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းအား အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...