တောင်တွင်းကြီး ၊ ၂၁-၁၀-၂၀၁၃
ပြီးခဲ့သည် သြဂုတ်လ ၁၅ ရက်က စတင် လှုပ်ရှား ခဲ့သည့် အရည်အသွေး ညံ့ဖျင်းသော ပြည်ပမုန့် မစားရေး တောင်တွင်းကြီးမြို့ တွင် အရှိန်အဟုန်
ကောင်းလာပြီ ဖြစ်ပြီး မိမိတို့ အနေဖြင့် တစ်နိုင်ငံလုံး ရှိ မြို့ကြီးများ အထိ ပျံ့နှံ့စေရန်
ကြိုးစား သွားမည် ဖြစ်ကြောင်း ထို လှုပ်ရှားမှု ကို ဦးဆောင်သူ တစ်ဦးထံမှ သိရသည်။
တောင်တွင်းကြီးမြို့ ပေါ်ရှိ အထက်တန်း
ကျောင်းများတွင် အရည်အသွေး ညံ့ဖျင်းသော ပြည်ပမုန့် များအကြောင်း ကျောင်းသား လူငယ်များ
သိစေရန် ဟောပြောပွဲများ ကျင်းပကာ ကျောင်းသား ကျောင်းသူ များအကြား အရည်အသွေး ညံ့ဖျင်းသော
ပြည်ပမုန့်ကို ၀ယ်မစားဘဲ ပြည်တွင်းဖြစ် မုန့်များကိုသာ စားသုံးရန် တိုက်တွန်း နှိုးဆော်ခြင်း
၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း စသည်တို့ လုပ်ဆောင်လျက် ရှိပြီး ယင်း လှုပ်ရှားမှု
၏ အကျိုးဆက် အနေဖြင့် ယခုအခါ တောင်တွင်းကြီးမြို့ ၌သာမက မကွေး ၊ ရေနံချောင်း ၊ မင်းဘူး
၊ စကု ၊ စလင်း နှင့် နတ်မောင် စသည့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့ကြီးများ ၊
ပြည် ၊ နတ်တလင်း အစရှိသည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့ကြီးများမှ စိတ်ဝင်စား
သည့် လူပုဂ္ဂိုလ်များ ပူးပေါင်းကာ အဆိုပါ ပြည်ပမုန့်များ မစားရန် လှုံ့ဆော်မှု များပြားလာပြီ
ဖြစ်ကြောင်း တောင်တွင်းကြီးမြို့ မှ ဒေါက်တာ ဦးကျော်ဆွေ က ပြောကြား ခဲ့သည်။
ထိုသို့ ပြည်ပမုန့် များကို ဆန့်ကျင်
ရသည့် အချက်မှာ ဈေးကွက်အတွင်း ကျောင်းသား ကျောင်းသူ အများစု ၀ယ်ယူ စားသုံး နေကြသည့်
ပြည်ပမုန့် အများစုမှာ မဖြစ်နိုင် လောက်အောင် ဈေးနှုန်း လွန်စွာ ချိုသာခြင်း ၊ မုန့်များ
တွင် ထုတ်လုပ်သည့် နာမည် ကို နိုင်ငံခြား ဘာသာဖြင့် ဖော်ပြ ထားခြင်း ၊ ထုတ်လုပ်သည့်
လိပ်စာ နှင့် ရက်စွဲ မပါရှိခြင်း ၊ ထုတ်လုပသည့် သက်တမ်း နှင့် သက်တမ်း ကုန်ဆုံးရက်
မပါဝင် သကဲ့သို့ မည်သည့် ပစ္စည်းများ ဖြင့် ထုတ်လုပ် ထားသည်ကို ဖော်ပြ မထားခြင်း တို့ကြောင့်
ဖြစ်သည်ဟု အဆိုပါ လှုပ်ရှားမှု ခေါင်းဆောင် တစ်ဦးက ပြောပြ သည်။
မိမိတို့ ပြည်တွင်းတွင် ထုတ်လုပ်ပြီး
ငွေကျပ် ငါးဆယ်ဖြင့် ရောင်းချသော မုန့်တစ်ထုတ်တွင် ထုတ်ပိုးစရိတ် အနေဖြင့် တစ်ထုတ်လျှင်
ငွေကျပ် ၇၀ ကျကြောင်း ၊ သယ်ယူ ပို့ဆောင်ရေး စရိတ် အနေဖြင့် မန္တလေး မှ ရန်ကုန် ကားဂိတ်အရောက်
အထုတ် ၁၅၀ ပါ ဂျပ်ဖာ တစ်ဖာလျှင် ငွေကျပ် ၂၄၀၀ ပေးရသဖြင့် မုန့်တစ်ထုတ်လျှင် ငွေကျပ်
၁၆ ကျပ် သင့်ကြောင်း။ ထို့ကြောင့် မုန့် ထုတ်လုပ်မှု စရိတ် ၊ ထုတ်ပိုးစရိတ် ၊ အလုပ်သမား
စရိတ်မပါ သေးဘဲ ပလတ်စတစ် အိတ်တန်ဖိုး နှင့် သယ်ယူ ပို့ဆောင်ခ သီးသန့်အတွက် ငွေကျပ်
ငါးဆယ်တန် မုန့်တစ်အိတ်လျှင် အနိမ့်ဆုံး ငွေကျပ် ၂၃ ကျပ် ကျသင့်သည်ဟု အမရပူရ မြို့နယ်
၊ နန်းတော်ရာ စံပြ ကွက်သစ် ၊ စူပါ ဆေးမန်ကျည်း လုပ်ငန်းရှင် တစ်ဦးက ရှင်းပြသည်။
၂၀၁၀ ပြည့်နှစ် ၀န်းကျင် တွင် မုန့်ဈေးကွက်
အတွင်း၌ ပြည်ပမုန့် များသာ အဓိက နေရာယူ ထားပြီး ထိုမုန့်များမှာ ထုတ်ပိုးစနစ် သေသပ်
လှပသောကြောင့် ရေပန်းစားကြောင်း သော်လည်း မုန့် အရည်အသွေး မှာမူ နိမ့်ကျကြောင်း ၄င်းက
ပြောပြ ခဲ့သည်။

No comments:
Post a Comment