Social Icons

Pages

Monday, October 21, 2013

နိုင်ငံခြား ခရီးသည်များ အဆင့်မြင့် အဲယားကွန်း ရထားထက် မြို့ပတ်ရထား တွဲဆိုင်း အဟောင်းများကို ပိုမို စိတ်ဝင်စား



ရန်ကုန် ၊ ၂၁-၁၀-၂၀၁၃

မြန်မာနိုင်ငံ သို့ လာရောက် ကြသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် အဆင့်မြင့် အဲယားကွန်း မြို့ပတ် အထူး ရထားထက် မြို့ပတ်ရထား တွဲဆိုင်း အဟောင်းများ ကိုသာ ပိုမို စိတ်ဝင်စား လိုက်ပါ စီးနင်းမှု များပြားကြောင်း မြန်မာ့ မီးရထား ၊ ရန်ကုန် ဘူတာကြီး မှ မန်နေဂျာ တစ်ဦးက ပြောကြား ခဲ့သည်။

ပွင့်လင်းရာသီ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ် ကြမည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ သာမက ပြည်တွင်းရှိ ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများ သွားလာရေး တွင် သက်တောင့် သက်သာ အဆင့်မြင့်မြင့် စီးနင်း နိုင်စေရန် ရည်ရွယ်လျက် အဲယားကွန်း အဆင့်မြင့် အထူး မြို့ပတ်ရထား ကို အောက်တိုဘာ ၅ ရက်မှ စတင်ကာ နေ့စဉ် အခေါက်ရေ ၈ ခေါက်နှုန်းဖြင့် ပြေးဆွဲလျက် ရှိရာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များမှာ သက်တမ်းရင့် တွဲဆိုင်း အဟောင်း များဖြင့် ပြေးဆွဲ နေသည့် မြို့ပတ်ရထား တွဲများကိုသာ လိုက်ပါ စီးနင်းမှု များပြား သည်ဟု သိရသည်။

အဲယားကွန်း မြို့ပတ် အထူးရထား တွင် လိုက်ပါ စီးနင်းသူ အများစုမှာ အပျော် လိုက်ပါ စီးနင်း ကြသူများ ဖြစ်ပြီး ကျောင်းပိတ်ရင် ၊ အစိုးရ ရုံးပိတ်ရက် များတွင် လိုက်ပါ စီးနင်းသူ အများဆုံး ဖြစ်ကြောင်း မြန်မာ့ မီးရထား ၊ ရန်ကုန် ဘူတာကြီး ရှိ စာရင်းများ အရ သိရသည်။ ကျောင်းဖွင့်ရက် ၊ ရုံးဖွင့်ရက် များတွင် လိုက်ပါ စီးနင်းသူ နည်းပါးကြောင်း သိရသည်။

အဲယားကွန်း မြို့ပတ် အထူးရထား စီးနင်းခ နှုန်းထားမှာ နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၄၀၀ ၊ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ နှစ်ဒေါ်လာ ဖြစ်ပြီး ရိုးရိုး မြို့ပတ်ရထား များ၏ နှုန်းထားမှာ နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၁၀၀ ၊ ခရီးစဉ် အသွားအပြန် နှင့် ခရီးစဉ် တစ်ကြောင်း အတွက် ငွေကျပ် ၂၀၀ ၊ အထူးတွဲ လက်မှတ်များ ရောင်းချ ပေးနေပြီး နိုင်ငံခြားသား တစ်ဦးလဆင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ဖြစ်ကြောင်း သိရသည်။


လက်ရှိ မြန်မာ့ မီးရထား မြို့ပတ်ရထား ရိုးရိုး ရထားတွဲဆိုင်း များတွင် နိုင်ငံခြား ခရီးသွား ဧည့်သည့် ၃၀၀၀ ၀န်းကျင်ခန့် နေ့စဉ် လိုက်ပါ စီးနင်းမှု ရှိကြောင်းလည်း စာရင်းများ အရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...