Social Icons

Pages

Sunday, October 20, 2013

အဲလိဇဘတ်ဘုရင်မကြီး နှင့် မာလာလာ ဘက်ကင်ဟမ် နန်းတော်တွင် တွေ့ဆုံ



လန်ဒန် ၊ ၂၀-၁၀-၂၀၁၃

ပါကစ္စတန် နိုင်ငံတွင် ပြီးခဲ့သည့် နှစ်က တာလီဘန် စစ်သွေးကြွ များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်း ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီး ပညာရေး ဆိုင်ရာ စည်းရုံး လှုပ်ရှားသူ ဆယ်ကျော်သက် အရွယ် ပါကစ္စတန် အမျိုးသမီး မာလာလာ ယူဆက်ဖ်ဇာဂီ သည် အမေရိကန် သမ္မတ ဘားရက် အိုဘားမား နှင့် ၄င်း၏ ဇနီးဖြစ်သူ တို့အား ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံ ခဲ့ပြီး အဲလိဇဘတ် ဘုရင်မကြီး နှင့် အောက်တိုဘာ ၁၉ ရက်က ဗြိတိန်နိုင်ငံ ရှိ ဘက်ကင်ဟမ် နန်းတော် တွင် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

မာလာလာ အား ဘက်ကင်ဟမ် နန်းတော် သို့ လာရောက်ရန် ဘုရင်မကြီး နှင့် သူမ၏ ခင်ပွန်းဖြစ်သူ မင်းသားကြီး ဖီးလစ် တို့က ဖိတ်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မာလာလာ သည် ဘက်ကင်ဟမ် နန်းတော် သို့ သူမ၏ ဖခင်နှင့်အတူ ရောက်ရှိ လာခဲ့ပြီး " I am Malala " ဟူသော ခေါင်းစဉ်ဖြင့် ရေးသား ထုတ်ဝေခဲ့သည့် သူမ၏ ဘ၀ အတွေ့အကြုံ မှတ်တမ်း စာအုပ် တစ်အုပ်ကို ဘုရင်မကြီးအား လက်ဆောင် အဖြစ် ပေးအပ် ခဲ့သည်ဟု သိရသည်။


၎င်းတို့ နှစ်ဦး တွေ့ဆုံပြီး နောက်ပိုင်းတွင် ပါကစ္စတန် နိုင်ငံတွင် သာမက ဗြိတိန် နိုင်ငံရှိ ကလေးငယ် များ အားလုံးကိုလည်း ပညာရေး ဆိုင်ရာ ထောက်ပံ့မှုများ အတူတကွ ပေးအပ် သွားရန် မျှော်မှန်း ထားကြောင်း မာလာလာ က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...