Social Icons

Pages

Sunday, October 27, 2013

ကဖင်း အဖြူရောင် အမှုန့်အိတ်များ သိမ်းဆည်းရမိ



တာချီလိတ် ၊ ၂၇-၁၀-၂၀၁၃


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေ မြို့နယ်ခွဲ ပါလျှိုးကျေးရွာ အုပ်စု နမ့်ခင်းကျေးရွာ အနီးတွင် အောက်တိုဘာ ၂၅ ရက် နံနက် ပိုင်းက နယ်မြေခံ စစ်ကြောင်းများ နှင့် ပြည်သူ့စစ် ဌာနေ အဖွဲ့ဝင်များ ဖြင့် နယ်မြေ ရှင်းလင်းစဉ် ပဲပုပ်ခင်း ဘေးရှိ ခြံစည်းရိုး အနီး၌ သစ်ကိုင်းများဖြင့် ဖုံးအုပ် ဝှက်ထားသော ကဖင်း အဖြူရောင် အမှုန့် တစ်အိတ်လျှင် ၂၅ ကီလိုပါ ၂၆ အိတ် စုစုပေါင်း ၆၅၀ ကီလိုခန့် ၊ ဒေသတန်ဖိုး ၄၈၇ ဒသမ ၅ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ပြီး သိမ်းဆည်း ရမိ မူးယစ်ဆေးဝါး များအား တာချီလိတ် မူးယစ် တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...