Social Icons

Pages

Wednesday, October 23, 2013

မောင်းသူမဲ့ လေယာဉ်များအား ပစ်ချရေး အစီအစဉ်ကို ဂျပန်ဝန်ကြီးချုပ် က အတည်ပြုခဲ့ခြင်း


တိုကျို ၊ ၂၃-၁၀-၂၀၁၃

ဂျပန် ဝန်ကြီချုပ် ရှင်ဇိုအာဘေး သည် နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက် လာသော မောင်းသူမဲ့ လေယာဉ်များအား ဂျပန် လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ (လေတပ်)မှ တိုက်လေယာဉ် များက ပစ်ချ ဖျက်ဆီး နိုင်မည့် အစီအစဉ် တစ်ရပ်ကို အတည်ပြု ခဲ့ကြောင်း Kyodo သတင်းဌာန က ပြောကြားခဲ့ သည်ဟု အောက်တိုဘာ ၂၂ ရက် NHK သတင်းတစ်ရပ် အရ သိရသည်။

စက်တင်ဘာလ အတွင်းက ဒိုင်အိုယုကျွန်း အနီး ဝေဟင် ပိုင်နက်တွင် တရုတ် မောင်းသူမဲ့ လေယာဉ်များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ၊ ဂျပန် ကာကွယ်ရေး ဝန်ကြီး အနေဖြင့် အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို လက်ခံ ရရှိပြီးနောက် အာဘေးသည် ဂျပန် ဝေဟင် ကာကွယ်ရေး သတ်မှတ်ဇုန် အတွင်း ပြည်ပ မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက်မှုကို ကာကွယ်ရန် ဂျပန် တိုက်လေယာဉ် များက တိုက်ခိုက် သင့်သည်ဟု လက်ခံ သဘောတူ ခဲ့ကြောင်းလည်း ၄င်း သတင်းဌာန က ပြောကြား ခဲ့သည်။

သို့သော်လည်း ဂျပန် အနေဖြင့် တရုတ် မောင်းသူမဲ့ လေယာဉ်များကို ပစ်ချရေး အယူအဆမှာ သင့်လျော် မှန်ကန်မှု မရှိနိုင်ကြောင်း ၊ ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် သင့်တော်သော လေကြောင်းရန် ကာကွယ်ရေး စနစ်မရှိဘဲ မောင်းသူမဲ့ လေယာဉ်များကို ကြားဖြတ် တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း နှင့် တရုတ် မောင်းသူမဲ့ လေယာဉ်များမှာ အလွန် များပြားသည့် အတွက်ကြောင့် တရုတ် မောင်းသူမဲ့ လေယာဉ်များကို ဖျက်ဆီးရေး တိုက်လေယာဉ်များ ဖြန့်ကြက် ချထားမည် ဆိုပါက ဂျပန်နိုင်ငံ အတွက် ကုန်ကျစရိတ် အလွန်မြင့်မား လိမ့်မည် ဖြစ်ကြောင်း မကာအို အခြေစိုက် စစ်ရေး ဆိုင်ရာ လေ့လာ ဆန်းစစ်သူ Huang Dong က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...