ရန်ကုန် ၊ ၁၆-၁၀-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်အို
ယာဉ်ဟောင်းများ အပ်နှံခွင့်ပြု လျက်ရှိရာ ယခုအခါ ''သ'' အက္ခရာ အစီးရေ အောက်တိုဘာ ၁၄
ရက်အထိ ၄၀၅၀ စီး အပ်နှံ ပြီးစီးကြောင်း ကညန ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
''သ'' အက္ခရာ အစီးရေက ရန်ကုန်တိုင်း
ဒေသကြီး အတွင်းမှာ ၄၃ဝဝ ကျော်ရှိတယ်။ လာရောက် အပ်နှံဖို့က အစီးရေ ၂၅၀ ကျော်ပဲ ကျန်တော့တယ်
" ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ အဆိုပါ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုတွင် လာရောက်
အပ်နှံခြင်း မရှိသော ကားများမှာ ကြံ့ခိုင်မှု ရှိခြင်း ၊ မိးခိုး မထွက်ခြင်း ၊ ဆေးရောင်
ကောင်းခြင်း တို့ကြောင့် မြို့တွင်း လမ်းပေါ်များတွင် ပြေးဆွဲခွင့် ပြုထားကြောင်း သိရသည်။
" ကြံ့ခိုင်မှု မရှိဘူး ၊ မီးခိုး
ထွက်တယ် ၊ ဆေးရောင်လည်း မကောင်းဘူး ဆိုရင် သူတို့ကို လမ်းပေါ်မှာ မောင်းခွင့် မပြုဘူး
၊ မောင်းတာ တွေ့ရင် သက်တမ်း တိုးခွင့် မပေးဘူး ၊ နောက်ဆို အထူးကား တွေ လာတော့မှာ
... " ဟု အထက်ပါ တာဝန်ရှိ သူက ပြောကြား ခဲ့သည်။
" သ " အက္ခရာ နှင့် အတူ
" လ " အက္ခရာ မှာ အောက်တိုဘာ ၁၁ ရက်အထိ ၃၈၄၅ စီး အပ်နှံပြီးစီးပြီ ဖြစ်သောကြောင့်
မကြာမီ " အ " အက္ခရာ ကားများကို အအပ်ခံမည် ဖြစ်ပြီး အအပ်ခံမည့် အချိန်မှာ
အတိအကျ မသိရ သေးကြောင်း သိရှိရသည်။


No comments:
Post a Comment