Social Icons

Pages

Monday, September 16, 2013

မြန်မာ အမျိုးသမီးများကို ဇနီးအဖြစ် ၀ယ်ယူသော ကိစ္စရပ်များအတွက် တရုတ်ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေ


ရန်ကုန် ၊ ၁၆-၉-၂၀၁၃

တရုတ်နိုင်ငံ တွင် အမျိုးသမီးများ နည်းပါး နေသည် ဆိုသော အကြောင်းပြ ချက်များဖြင့် အိမ်နီးချင်း တိုင်းပြည်များ မှ အမျိုးသမီး များကို ဇနီးအဖြစ် ငွေပေး ၀ယ်ယူသော ကိစ္စများ အတွက် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ် ထိန်းချုပ်ရေး ရဲတပ်ဖွဲ့များ က တရုတ် ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း ရန်ကုန် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စုမှူး ရဲမှူး ရိုလင်က ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာ အမျိုးသမီး တစ်ဦးလျှင် မြန်မာ ငွေကျပ် ၂၅ သိန်း မှ သိန်း ၅ဝ အထိ ဈေးပေး ဝယ်ယူ နေကြပြီး လူကုန်ကူးသည့် ပွဲစားများက စားဝတ်နေရေး အတွက် အလုပ်လုပ် ကိုင်လိုသော အမျိုးသမီး ငယ်များအား နိုင်ငံရပ်ခြား တွင် အလုပ်အကိုင် ကောင်းသည်ဟု ဆိုကာ လှည့်စား ပြောဆို၍ တစ်ဖက် နိုင်ငံသို့ ခေါ်ဆောင် ရောင်းစားခြင်း များနှင့် တချို့လည်း တရုတ် ယောက်ျားနှင့် ပေါင်းသင်းရန် ဟုပြောဆို ခေါ်ဆောင် ရောင်းစားခြင်း များရှိကြောင်း သိရသည်။

'' အဓိကက မူဆယ်ဘက်မှာ ရှိတဲ့ လူကုန်ကူး ပွဲစားတွေကို ပိုက်ဆံပေးပြီး မြန်မာ မိန်းကလေး တွေကို တရုတ် ယောက်ျား တွေက ဝယ်ချင်တယ် ၊ ဒါကြောင့် မူဆယ် ၀န်းကျင်က လူကုန်ကူး ပွဲစားတွေက သူတို့ ရနိုင်မယ့် ဒေသတွေကို ဆက်သွယ်တဲ့ အခါ ရန်ကုန်လည်း တစ်ခု အပါအဝင် ဖြစ်တယ် ၊  ပျံကျ လုပ်ကိုင်တဲ့ မြန်မာ မိန်းကလေး တွေကို လူကုန်ကူး ပွဲစားတွေက ပစ်မှတ်ထား ပြီး လှုပ်ရှား ကြတယ် ၊ ဒါကြောင်မို့ မြန်မာ မိန်းကလေး တွေအနေနဲ့ အယုံလွယ် လိုက်သွားရာ ကနေ ခေါင်းပုံဖြတ် ခြင်းဆိုတဲ့ အဆင့်ရောက်တဲ့ အခါ ဒီလူကုန်ကူး ခံရတဲ့ အနေအထား မရောက်ဖို့ အသိတရားနဲ့ သတိထားပြီး ရှောင်ပါလို့ အသိ ပညာပေး လိုပါတယ် ၊ မြန်မာနိုင်ငံ နဲ့ တရုတ် ရဲတပ်ဖွဲ့တွေက နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး တွေကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ဒါထက် တိုးတက်ပြီး လုပ်ဖို့ဆိုတာ သူတို့ရဲ့ အိမ်ထောင်စု တစ်ခုက သားသမီး တစ်ယောက်ပဲ ယူခွင့် လက်ခံတဲ့ အတွက် တရုတ်နိုင်ငံ မှာ အမျိုးသားက များနေတယ် ၊ သူတို့ရဲ့ ထုံးတမ်း အဆင်အလာ အရ တရုတ် အမျိုးသမီး တစ်ဦးကို လက်ထပ်ဆိုရင် သိန်း ၁ဝဝ ဝန်းကျင် လောက် ကုန်ကျ ကြတယ် ၊ ဒါကြောင့်မို့ တရုတ် ယောက်ျားတွေက အမျိုးသမီး တွေကို ဇနီးအဖြစ် အိမ်နီးချင်း နိုင်ငံတွေက ဝယ်တဲ့ အပေါ်မှာ တရုတ်ရဲ တပ်ဖွဲ့ရဲ့ တာဝန်ရှိ သူတွေကလည်း ဒီလို အနေအထား လေးကို ပြုပြင် ဆောင်ရွက်ဖို့ ညှိုနှိုင်း လျက်ရှိတယ် လို့ သိရပါတယ် ... . '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ၏ လူကုန်ကူးမှု အခြေအနေ သည် ယခင် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် ၁၂ မှု ဖြစ်ပွားခဲ့ပြီး ယခု ၂ဝ၁၃ ခုနှစ်တွင် ၁၃ မှု ဖြစ်ပွား ခဲ့ကြောင်းနှင့် နိုင်ငံရပ်ခြား တွင် အိမ်ဖော် အဖြစ် အရောင်းစား ခံရသူ ဦးရေမှာ ပြီးခဲ့သည့် နှစ်အတွင်း သုည ဒသမ ၄ ၀န်းကျင်ခန့် က ရောင်းစား ခံရကာ ယခုနှစ်တွင် ထိုသို့ အိမ်ဖော်အဖြစ် ရောင်းစား ခြင်းမှာ လျော့ကျ သွားကြောင်း သိရသည်။


လူကုန်ကူးမှု တားဆီး ကာကွယ် တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် များသည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် ဖွဲ့စည်းထားမှု ပေါင်း ၂၇ ဖွဲ့ရှိ ကြောင်း သိရသည်။ (မိုးအောင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...